
ဇာတ်ဝင်တေးသီချင်းလေးကို နားထောင်ရတာနဲ့တင် ကြည့်ရတန်စေမယ့် ၂၀၀၆ ခုနှစ်ရဲ့ဂျပန် animation လေးနဲ့မိတ်ဆက်ပေးပါ့မယ်နော်။ အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးဟာဆိုရင် နာမည်ကြီးစတူဒီယိုဖြစ်တဲ့ Ghibli ကထွက်ရှိထားပြီး IMDb Rating ကတော့ 6.4 ထိရရှိထားပါတယ်။
အညွှန်း~
‘အားရဲန်’ဆိုတဲ့ကောင်လေးဟာ သူ့ကိုယ်ထဲကထွက်တဲ့ သူနဲ့ရုပ်တူအရိပ်တစ်ခုကြောင့် အမြဲတမ်းကြောက်စိတ်ဝင်နေတတ်တဲ့ ကောင်လေး တစ်ယောက်ပါ။ သူဟာ တစ်ခါတလေ ကြောက်စိတ်အမွှန်လွန်ပြီး အသိစိတ်လည်း လွတ်သွားတတ်ပါတယ်။ အဲ့လိုနဲ့ပဲ တစ်နေ့မှာတော့ အားရဲန် တစ်ယောက် အသိစိတ်လွတ်သွားပြီး တိုင်းပြည်တစ်ပြည်ရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ သူ့အဖေကို ဓားနဲ့ထိုးသတ်မိပါတော့တယ်။ ထိုးသတ်ပြီး နောက်မှာတော့ မှော်နဲ့ စီမံထားတဲ့ အဖေ့ရဲ့ဓားကို ကိုင်ဆောင်ရင်း ထွက်ပြေးလာခဲ့ပြီး ထွက်ပြေးလာတဲ့လမ်းမှာ သိမ်းငှက်ငယ်ဆိုတဲ့ မှော်ပညာရှင်နဲ့တွေ့ကာ ကြမ်းတမ်းတဲ့လမ်းခရီးမှာ အားရဲန်အတွက် အကူအညီအဖော်တစ်ယောက် ရရှိသွားပါတယ်။ အားရဲန်တို့ ခရီးထပ်ဆက်ရင်း လမ်းခုလတ်မှာ ကျွန်ရောင်းကျွန်ဝယ်လုပ်ဖို့ ‘သဲရု’ဆိုတဲ့မိန်းကလေးကို နိုင်ထက်စီးနင်းလုပ်နေကြတဲ့လူရမ်းကားတစ်စုနဲ့ တိုးပါတယ်။ အဲ့ဒီအချိန်မှာ အားရဲန်က သဲရုကို ကယ်တင်ဖို့ လူရမ်းကားတွေနဲ့ ရင်ဆိုင်လိုက်ပါတယ်။ အဲ့ဒီလူရမ်းကားတွေက မှော်စုန်းကြီး ကိုးဘိုရဲ့လက်အောက်ငယ်သားတွေပါ။ အဲ့ဒီလိုလူတွေနဲ့မှ သွားပတ်သက်မိတဲ့အားရဲန်တစ်ယောက် ဘာဆက်ဖြစ်မလဲဆိုတာ၊ အားရဲန်မှာ သဲရုကို အားတက်သရောနဲ့ ကယ်တင်ခဲ့သော်လည်း မျက်မုန်းကျိုးသွားတဲ့သဲရုနဲ့ အားရဲန် ဘယ်လိုခရီးဆက်မလဲဆိုတာ၊ သူ့အဖေကို သတ်ခဲ့တဲ့ အပြစ်ကြွေးကိုရော အားရဲန်ပြန်ခံယူနိုင်ပါ့မလားဆိုတာ၊ သိမ်းငှက်ငယ်နဲ့ မှော်စုန်းကြီးကိုးဘိုရဲ့တစ်ချိန်က ရန်ငြိုးရန်စကြားမှာ အားရဲန် တစ်ယောက် ဘယ်လိုမြေစာပင်ဖြစ်ဦးမလဲဆိုတာတွေကို ခံစားကြည့်ရူရမှာပဲဖြစ်ပါတယ်။