
ဒီကားလေးက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.8 အထိရရှိထားတဲ့ အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ မင်းသားကြီး Liam Neeson က အဓိကဇာတ်ကောင်(ဘရိုင်ယန်)အဖြစ် သရုပ်ဆောင်ထားတာပါ။ ဘရိုင်ယန်ဟာ အငြိမ်းစား CIA အေးဂျင့်ဟောင်းတစ်ဦးဖြစ်ပါတယ်။ အေးဂျင့်ဆိုတဲ့အတိုင်း နိုင်ငံတော်အတွက် ကိုယ့်ဘဝကိုယ်ပေးဆပ်ရင်း တာဝန်ထမ်းဆောင်ခဲ့ရတော့ ဇနီးနဲ့ကွာရှင်းပြီး သမီးလေးကိုပါ ထည့် လိုက်ရတယ်။ သူ့ရဲ့တစ်ဦးတည်းသောသမီးလေးက ၁၇ နှစ်အရွယ်ပေါ့။ တစ်နေ့မှာ သူ့သမီးက ပဲရစ်ကိုသူငယ်ချင်းတစ်ယောက်နဲ့အတူ အလည် အပတ်သွားချင်လို့ ဖခင်ဖြစ်သူဆီ ခွင့်တောင်းလာတယ်။ အသက် ၁၈ နှစ်အောက်အရွယ်မှာ ပြည်ပထွက်ဖို့ဆိုတာ မိဘလက်မှတ်လိုပါတယ်။ ဒါကြောင့် ဘရိုင်ယန်တစ်ယောက် လောကကြီးအကြောင်းမသိသေးတဲ့ သမီးဖြစ်သူကို စိတ်မချဘဲတားမြစ်ပေမဲ့ သမီးကပူဆာတော့လည်း ခွင့်ပြုပေးလိုက်ရတယ်။ ကံဆိုးစွာနဲ့ ပဲရစ်ရောက်တော့ လူကုန်ကူးသမားအဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရပါလေရော။ လူကုန်ကူးသမားတွေက အပျိုလေးတွေဆိုရင် ဆေးစွဲအောင်လုပ်ပြီး လေလံတင်ရောင်းချတယ်။ ဘရိုင်ယန်တစ်ယောက် ပဲရစ်ထိသွားပြီး အေးဂျင့်ဘဝကအတွေ့အကြုံ အရည်အချင်းတွေနဲ့ သူ့သမီးလေးကို ကယ်ထုတ်နိုင်ပါ့မလား? ဘယ်လိုအတားအဆီးအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ အက်ရှင်ဇာတ်လမ်း ပီပီ ကြည့်ရှုရမယ့်အပြင် နိုင်ငံခြားသွားရင် ဘုမသိဘမသိမဟုတ်ဘဲ လည်လည်ဝယ်ဝယ်ရှိအောင် ဗဟုသုတလည်းရစေမယ့် ကားကောင်းလေး ဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။
Header 1 | Header 2 |
---|---|
Taken 1 (2008) | Click Here |
Taken 2 (2012) | Click Here |
Taken 3 (2014) | Click Here |