
“ဆာဗာဟာ” ဆိုတဲ့ ဇာတ်ကားလေးက Netflix ဇာတ်ကားလေး ဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တာပါ။ နာမည်ကြီး Series ဖြစ်တဲ့ Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ “သမင်တောင်ကုန်း” လို့ခေါ်တဲ့ နေရာမှာ အမြွှာညီမ နှစ်ယောက်ဟာ မွေးဖွားလာခဲ့တယ်။ ၁၀ မိနစ် စောမွေးလာတဲ့ ကလေးရဲ့ ထူးခြားတဲ့ သွင်ပြင်တွေကြောင့် မကောင်းဆိုးဝါးဆိုပြီး လူတွေဟာ သမုတ်ခဲ့ကြတယ်။ တစ်ဖက်မှာလည်း ဘာသာရေး အဖွဲ့အယောင်ဆောင်ပြီး အလှူခံတာတွေကို ဖော်ထုတ်နေတဲ့ ပတ်ဂွန်ဂျယ်ဟာ တစ်နေ့မှာ သူ့လက်ထောက် မစ္စတာအို ဆီကနေ ထူးဆန်းတဲ့ ဘာသာရေး အဖွဲ့တစ်ခုကို ရိပ်မိသွားပါတော့တယ်။ ဘုန်းတော်ကြီးအကြီးအကဲတွေဆီကို သွားပြီး အကူအညီတောင်းခဲ့ပေမယ့် မအောင်မြင်တာကြောင့် ကိုယ်တိုင်စုံစမ်းဖို့ ဖြစ်လာပါတော့တယ်။ ပတ်ဂွန်ဂျယ်က အလှူငွေကိစ္စ တစ်ခုတည်းလို့ ထင်ခဲ့ပေမယ့် နောက်ဆုံးမှာ အမြွှာညီမတို့နဲ့ အဲ့ဒီ ထူးဆန်းတဲ့ ဘာသာရေး အဖွဲ့က ဘယ်လို ဆက်နွယ်နေလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရှုရမှာပါ။ နောက်ဆုံးမှာ စဉ်းစားစရာတွေရော “ဪ ဒါ့ကြောင့်ပါလား” ဆိုတဲ့ မှင်သက်စရာတွေ ကျန်နေခဲ့မှာမို့လို့ ရင်ခုန်စွာနဲ့ ကြည့်လိုက်ကြရအောင်လားဗျာ..