
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ လူရယ်လို့ဖြစ်လာတဲ့အခါ လောကဓံကိုရင်ဆိုင်ရတာ သဘာဝပဲမဟုတ်လား။ အဘွားပန်ရဲ့ဘဝကလည်း ဒီလိုပဲ ငယ်ငယ်က သူသိပ်ဖြစ်ချင်တဲ့ အဆိုတော်ဖြစ်ခွင့်မရတဲ့အပြင် ဘဝကိုလည်း တစ်သက်လုံး ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ရတဲ့သူပေါ့။ ဒါပေမဲ့လည်း သူ့ဘဝမှာ အမြဲဂုဏ်ယူစရာ ကြွားဝါစရာတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ သူသိပ်ချစ်ရတဲ့ သူတစ်သက်လုံးပြုစုပျိုးထောင်လာတဲ့ သူ့သားလေးပေါ့။ ဒါပေမဲ့လည်း အပြောကြမ်းတဲ့အဘွားပန်ကို သူသိပ်ချစ်ရတဲ့ သူ့သားမိသားစုကပါ စွန့်ပစ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…စိတ်ထိခိုက်နေတဲ့ အဘွားပန်ဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့် အသက်(၂၀)အရွယ်ကို ရုတ်တရက် ပြန်ရောက်သွားတဲ့အခါမှာ ငယ်ငယ်က သူအရမ်းဖြစ်ချင်ခဲ့တဲ့အရာတွေကို ဖြစ်ခွင့်ရအောင် နောက်တစ်ကြိမ်ကြိုးစားခွင့်ရလာမလား… တစ်ဖက်မှာလည်း ခေတ်လူငယ်ဆိုပေမဲ့ ခေတ်ဟောင်းသီချင်းတွေကိုပဲ သဘောကျတဲ့ တေးထုတ်လုပ်သူလူငယ်လေးနတ်ဟာ ခေတ်ဟောင်းတေးသံရှင်တစ်ယောက် လိုက်ရှာနေခဲ့ပါတယ်။ နတ်နဲ့ အသက်(၂၀)အရွယ် အဘွားပန်တို့ တွေ့ကြတဲ့အခါ သူတို့ကြားမှာ ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာမလား… ၅၂၈နဲ့ ၁၅၀၀ အချစ် ယှဉ်လာတဲ့အခါမှာ အဘွားပန်က ဘာကိုရွေးချယ်သွားမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်ကားက မိုင်ဒါဝိရဲ့ နာမည်ကြီးဇာတ်ကားလေးတစ်ကားဖြစ်တာမို့ ဇာတ်ကားလေးလည်းခံစားရင်း ဒါဝိကို တဝကြီးငမ်းခွင့်ရမှာနော်)