
ဒီဇာတ်ကားကတော့အပိုင်းနှစ်အနေနဲ့ထွက်ရှိတာဖြစ်ပြီး အပိုင်းတစ်ကိုတော့ ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တာပါ ဒီဇာတ်ကားမှာတော့ တောင်မြောက် ကိုရီးယားပေါင်းစည်းရေးကို ပုံဖော်ပြီးရိုက်ကူးထားတာပါ သွေးအေးတိုက်ပွဲအဖြစ်နဲ့ဆက်လက်တည်ရှိနေတဲ့ ကိုရီးယားကျွန်းဆွယ်နိုင်ငံအပြင် အခြားမဟာမိတ်နိုင်ငံများကြား နိုင်ငံရေးအကြောင်းအရာများကိုအခြေခံကာ လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးတွေကို သိနိုင်အောင် ရိုက်ကူး ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် မြောက်ကိုရီးယားနဲ့အမေရိကန်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပွဲကနေစပြီး ဂျပန် တရုတ် ကိုရီးယား မဟာမိတ်နိုင်ငံ များအကြား သစ္စာဖောက်မှုတွေဖြစ်လာပြီးတော့ နောက်ဆုံးမြောက်ကိုရီးယားနိုင်ငံ အာဏာသိမ်းမှုအထိပါ ဖြစ်ပေါ်လာခဲ့ပါတယ် ခေါင်းဆောင် တွေကိုလည်းပြန်ပေးဆွဲခဲ့ပြီး ဂျပန်နဲ့အမေရိကန်မဟာမိတ်ဆက်ဆံရေးကိုပျက်ပြားအောက်လုပ်ဖို့က မြောက်ကိုရီးယားအာဏာသိမ်းအစိုးရရဲ့ ရည်ရွယ်ချက်ပါ အမေရိကန်-တောင်ကိုရီးယား-ဂျပန် တရုတ်-မြောက်ကိုရီးယားမဟာမိတ်တွေကြား ဘယ်လိုအခြေအနေတွေဖြစ်လာမလဲ ဘယ်နိုင်ငံတွေက ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေသုံးမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ နောက်ဆုံးတောင်မြောက်ကိုရီးယား ပေါင်းစည်းရေးဖြစ်သွားကြပုံကို အဓိကထားရိုက်ကူးထားတဲ့အတွက် ပေါင်းစည်းရေးကိုမျှော်လင့်နေကြတဲ့ လက်ရှိပြည်သူတွေရဲ့စိတ် သဘောထားတွေကိုလည်း တွေ့မြင်ရမှာပါ
Header 1 | Header 2 |
---|---|
Steel Rain (2017) | Click Here |
Steel Rain 2 (2020) | Click Here |