
ဒီတစ်ခါမှာတော့ အရမ်းမိုက်တဲ့ ဇာတ်ကားကေင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အသံကြားတာနဲ့သိကြမယ့် ဒိတ်ဒိတ်ကျဲနာမည်ကြီးမင်းသားနှစ်ဦးဖြစ်တဲ့ Will Smith နဲ့ Tom Holland တို့ကအသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ကမ္ဘာ့အတော်ဆုံးစပိုင်ကြီးဖြစ်တဲ့ လန့်စတာလင်အဖြစ် Will Smith နဲ့ အူကြောင်ကြောင် ဉာဏ်ကြီးရှင်ကောင်လေး ဝေါ်လ်တာဘက်ကစ်အဖြစ် Tom Holland တို့ပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့အစမှာတော့ လန့်စ်စတာလင်ဟာ အေဂျင်စီတစ်ခုလုံးအားထားနေရတဲ့ စပိုင်တစ်ယောက်ဖြစ်ပြီး မစ်ရှင်တွေကို တစ်ကိုယ်တော်နွှဲပြီး အောင်မြင်မှုတွေကိုပိုင်ဆိုင်နေတဲ့သူတစ်ယောက်ပေါ့။ ဝေါ်လ်တာဘက်ကစ်ဟာဆိုရင် သိပ္ပံပညာကိုရူးသွပ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကမ္ဘာကြီးကိုငြိမ်းချမ်းရေးဆောင်ကြဉ်းပေးဖို့ကို ရက်စက်တဲ့ဗုံးတွေ လက်နက်တွေနဲ့မဟုတ်ဘဲ ငြိမ်းချမ်းတဲ့နည်းတွေကိုပဲသုံးစေချင်တဲ့သူပါ။ ဝေါ်လ်တာဟာဆိုရင် သူ့ရဲ့ ကြောင်တောင်တောင်နိုင်တဲ့ကိရိယာတွေကြောင့် လူအထင်သေးခံရတဲ့အပြင် လန့်စ်ကိုလည်း ပြဿနာဖြစ်အောင်လုပ်မိလို့ အလုပ်ပါဖြုတ်ခံလိုက်ရပါတယ်။ တစ်နေ့မှာတော့ လူဆိုးတစ်ယောက်က လန့်စ်ရဲ့မျက်နှာပုံတူကိုသုံးပြီး သူတို့အေဂျင်စီရဲ့ အမ် ၉ လုပ်ကြံစက်ကိုခိုးသွားတဲ့အတွက် အချောင်နေရင်း ဝရမ်းပြေးဖြစ်သွားတဲ့လန့်စ်လည်း ကြံရာမရတဲ့အဆုံး သူအလုပ်ဖြုတ်လိုက်တဲ့ကောင်လေး ဝေါ်လ်တာဆီကိုသွားပြီး ရုပ်ဖျက်ပေးဖို့အကြံတောင်းပါတော့တယ်။ ဒါပေမယ့် လန့်စ်ဟာ ဝေါ်လ်တာရဲ့အိမ်ကိုရောက်တော့ ဝေါ်လ်တာထွင်ထားတဲ့ ဗီဇပြောင်းဆေးရည်တစ်ခုကို မှားသောက်မိလိုက်ပြီး တကယ့်ပြဿနာဟာ အဲ့ဒီကနေ စတော့တာပါပဲ။ ဒီဇာတ်ကားလေးဟာဆိုရင် ရယ်လည်းရယ်ရပြီး အက်ရှင်ပိုင်းတွေလည်းအများကြီးပါတာကြောင့် တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်အပန်းပြေစေမယ့်လေးမလို့ ကြည့်ရှုအားပေးကြပါဦးနော်။