
၂၀၀၀ ခုနှစ်ဖွားတွေအနေနဲ့ ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့ ငရဲကနေအစွမ်းတွေရသွားတဲ့ Spawn ကြီးကိုမှတ်မိကြဦးမှာပါ။ မမှတ်မိရင်တောင် ဝတ်စုံထဲကနေ သံကြိုးတွေထွက်လာတာတွေ၊ ဝတ်ရုံကနေ ဆိုင်ကယ်ကိုအလန်းကြီးအုပ်လိုက်တာတွေ ဒါတွေကိုတော့ မှတ်မိကြမှာပါ။ ဒီဟားလေးဟာဆိုရင်ဖြင့် ဟောင်းပေမယ့်လည်း ကြည့်ကောင်းနေဆဲပေါ့။ ၁၉၉၇ ခုနှစ်ကရိုက်ထားပေမယ့်လည်း သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေကိုတွေ့မြင်နိုင်မှာဖြစ်ပြီး ငယ်ဘဝကဇာတ်ကားပြန်ကြည့်ချင်တဲ့သူတွေအတွက် ရွှေပန်းသီးကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဥ်းပြောရရင် ငရဲမင်းနတ်ဆိုးကြီးဟာ ကောင်းကင်နဲ့ ငရဲတိုက်ပွဲတွေကြားမှာ ငရဲစစ်တပ်ကိုဦးဆောင်ဖို့အတွက် စစ်သည်ကောင်းတစ်ယောက်လိုနေပါတယ်။ အဲ့စစ်သည်ဟာ လက်စားချေလိုမှုနဲ့ ဒေါသတွေပြည့်နက်ဖို့လိုတဲ့အတွက်ကြောင့် လူ့ပြည်ကနေ ငရဲစစ်တပ်ကိုဦးဆောင်နိုင်မယ့်အရည်အချင်းရှိတဲ့ စစ်သည်လောင်းကို လူလွှတ်ပြီးရှာခိုင်းထားပါတယ်။ တစ်ဖက်မှာတော့ အယ်လ်ဟာ သိပ်တော်ကြေးစားစစ်သားတစ်ယောက်၊ နောက်ဆုံးစစ်ဆင်ရေးပြီးရင် သူ့ချစ်သူနဲ့ပဲ အေးအေးချမ်းချမ်း အတူနေသွားတော့ဖို့အတွက် အလုပ်ကိုနားတော့မှာပါ။ ဒါပေမယ့်လည်း အဲ့ဒီနောက်ဆုံးစစ်ဆင်ရေးမှာ လုပ်ကြံခံခဲ့ရပါတယ်။ တိုက်ခိုက်ရေး ပစ်ခတ်ရေး ဘက်စုံကျွမ်းပြီး စစ်သည်အလောင်းအလျာဖြစ်ထိုက်တဲ့ အယ်လ်တစ်ယောက် သေပြီးတဲ့နောက်မှာ ဘာအကောင်ကြီးဖြစ်လာပြီးတော့ ကလဲ့စားကိုဘယ်လိုရှာဖွေမလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဗျ။