
၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Snowpiercer ဆိုတဲ့ဇာတ်ကားကို နာမည်ကြီးကိုရီးယားဇာတ်လမ်း Parasite ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ကပဲ ရိုက်ကူးခဲ့ပါတယ်။ Captain America လို့လူသိများတဲ့မင်းသား Chris Evans , Parasite ဇာတ်လမ်းထဲကမင်းသားကြီး Song Kang Ho နဲ့ Ancient One လို့လူသိများတဲ့ Doctor Strange ကားထဲက မင်းသမီးကြီး Tilda Swinton တို့က အဓိကပါဝင်ထားပြီး တခြားနာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် တစ်ကမ္ဘာလုံးရေခဲပြီး သက်ရှိတွေအားလုံး မျိုးတုန်းသွားခဲ့ပေမယ့် အဆက်မပြတ်ခုတ်မောင်းနေတဲ့ ရထားတစ်စင်းထဲမှာတော့လူပေါင်းများစွာရှင်သန်ကျန်နေခဲ့ပါတယ်။ ရထားအတွဲပေါင်း များစွာရှိတဲ့ အလျောက်လူတန်းစား ခွဲခြားထားမှုကိုလည်း သည်းမခံနိုင်ကြတဲ့ အဆုံးမှာ ရထားအမြီးပိုင်းက လူတွေကဘယ်လိုတွေဆန္ဒပြပြီး ပုန်ကန်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင်ရိုက်ကူးတင်ဆက်ပေးထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီ ဇာတ်ကားဟာအကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု စသဖြင့် ဆုပေါင်းများစွာကိုလည်း ဆွတ်ခူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းပြင်သစ်ဝတ္ထု Le Transperceneige ကိုအခြေခံပြီးရိုက်ထားခဲ့တဲ့ ဒီကားကို ၂၀၂၀ မှာတော့ ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ထပ်မံရိုက်ကူးပြီးထုတ်လွှင့်ပြသနေပြီမို့ ၂၀၁၃ ခုနှစ်ကဇာတ်လမ်းလေးကို ပြန်လည်ကြည့်ရှု လိုသူများအတွက် တင်ဆက်ပေးလိုက်ရပါတယ်။