စွန့်စားခန်းတွေ စိတ်လှုပ်ရှားစရာတွေ ထူးထူးဆန်းဆန်းတွေ ကြိုက်တယ် ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါနော်။ ဒီကားက Iqiyi rating 7.5/10 ရထားတာပါ။ ပုံမှန် ကြည့်နေကျ တရုတ် မြွေကားတွေလိုမျိုး အချစ်ဇာတ်လမ်းတော့ မဟုတ်ဘူးပေါ့နော်။ သူငယ်ချင်းတွေ အုပ်စုလိုက် စွန့်စားခန်း ထွက်တာ၊ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ တွေ့ရတာမျိုး ဖြစ်ပါတယ်။ ပြီးတော့ တရုတ်ရဲ့ မြွေကားတွေ တော်တော် များများက ရှေးခေတ်က ဟာတွေ များတယ် ဒီတစ်ကားကတော့ အခုခေတ် ဇာတ်လမ်းလေးပါ။ ၂၀၂၂ ခုနှစ်မှာ မင်းသမီး ဖြစ်တဲ့ “လီထုန်”ဟာ သူ့မဂ္ဂဇင်း အဖွဲ့က သူငယ်ချင်းတွေနဲ့ လီထုန် အဖေ ပျောက်ဆုံးသွားတဲ့ မြွေကျွန်းကို သွားစုံစမ်းကြတာပါ။ အဲ့ဒီ မြွေကျွန်းပေါ်က တစ်ဦးတည်းသော လွတ်မြောက်သူ ဖြစ်တဲ့ လီထုန် အဖေရဲ့ သူငယ်ချင်းက ကျွန်းကို ရှာဖို့ မြေပုံကို ပေးလိုက်ပြီး လီထုန်တို့ တစ်ဖွဲ့ကလည်း အဲ့မြေပုံလေး အတိုင်း မြွေကျွန်းကို သွားရှာခဲ့တယ်။ မြွေကျွန်းပေါ်မှာ တဲလေး တစ်လုံးပဲ ရှိတယ်။ အဲ့ဒီ တဲလေးမှာ နေထိုင်တဲ့ သူတွေကတော့ မြွေကျွန်းနဲ့ မြွေတွေကို အုပ်ချုပ်တဲ့ “လန်ရန်”ဆိုတဲ့ ကောင်မလေးနဲ့ သူ့ညီမလေး“လန်ရှား”တို့ပါပဲ။“လီထုန်”တို့က ကျွန်းပေါ်ကို ရောက်ပြီး လန်ရန်တို့ရဲ့ တဲလေးမှာပဲ ခွင့်တောင်းပြီးတော့ တည်းခိုခဲ့တယ်။ ဒါပေမဲ့“လန်ရန်”ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေ ကျွန်းပေါ်က တိုင်းရင်းသားတွေရဲ့ အပြုအမူတွေက “လီထုန်”တို့ သူငယ်ချင်း တစ်ဖွဲ့ကို သံသယစိတ်တွေ ဖြစ်လာစေတယ်။ မြွေကျွန်းပေါ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိတာလဲ? “လန်ရန်”ကကော ဘာတွေ ဖုံးကွယ်ထားတာလဲ? “လီထုန်”တို့ သူငယ်ချင်း အုပ်စုကကော အသက်ရှင်လျက် ပြန်လာနိုင်ကြမလား? ဆိုတာတွေကို ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်တော့နော်။