
ကျွန်တော်တို့ရဲ့အချစ်တော်မင်းသားကြီး Johnny Depp ရဲ့ တချိန်ကနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးကို ပြန်ကြည့်လိုက်ကြရအောင်။ ဒီကားမှာ Jonny က Ichabod Crane ဆိုတဲ့ရဲအရာရှိနေရာကနေ သရုပ်ဆောင်ထားပြီးတော့ မင်းသမီးကလည်း အတော်ချစ်ဖို့ကောင်းပါတယ်။ Crane ဟာ သရဲ၊ တစ္ဆေ၊ စုန်းကဝေတွေအပါအဝင် ဘုရားသခင်ကိုပါ မယုံကြည်ဘဲ သိပ္ပံပညာနဲ့လေ့လာစမ်းသပ်မှုတွေကိုပဲ ယုံကြည်တဲ့လူတစ်ယောက်ပါ။ တစ်နေ့ကျ ခေါင်းဖြတ်လူသတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့ Sleepy Hollow ဆိုတဲ့မြို့တစ်မြို့ကိုစုံစမ်းဖို့ တာဝန်ပေးခံလိုက်ရပြီး ဒီလူသတ်မှုတွေက သူမယုံကြည်တဲ့ သရဲတွေ စုန်းကဝေအတတ်တွေနဲ့ပတ်သတ်နေတဲ့အခါမှာတော့… သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ Crane တစ်ယောက် သူ့ရဲ့သိပ္ပံပညာနဲ့ ဒီအမှုကြီးကို ဖြေရှင်းနိုင်ပါ့မလားဆိုတာကို Mystery ဆန်ဆန် မြုပ်ကွက်လေးတွေရယ် Horror ဆန်ဆန် သည်းထိပ်ရင်ဖိုနဲ့ ကြည့်ရှုခံစားရမှာပါ။