
ဆယ်စီလီယာလို့ နာမည်ပြောင်းထားတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးဟာ အောင်မြင်စပြုနေတဲ့ Youtuber တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ဆေးဆိုင်တစ်ဆိုင်ကို သွားရင်း သူနဲ့ ငယ်ငယ်ကတည်းက လူချင်းကွဲသွားတဲ့ အချစ်ဆုံးသူငယ်ချင်း အမ်မာနဲ့ မတော်တဆ ပြန်ပြီး တွေ့ခဲ့ပါတယ်။ ဆယ်စီလီယာဟာ အမ်မာနဲ့အတူ အပန်းဖြေအိမ်တစ်အိမ်ကို ရောက်သွားပြီး အဲ့ဒီမှာ ငယ်ငယ်တုန်းက သူ့ကို အနိုင်ကျင့်ခဲ့တဲ့သူနဲ့ ပြန်တွေ့ရာကနေ ကလေးဘဝက စိတ်ဒဏ်ရာတွေ ပြန်ပြီး ပေါ်လာကာ ဆိုးရွားတဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်ဗျ။ Sissy ဆိုတဲ့ ၂၀၂၂ ထွက် ဒီရုပ်ရှင်ဟာဆိုရင် သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 6.2 နဲ့ Rotten tomatoes 97% ထိ ရရှိထားပါတယ်ဗျ။ ဒီရုပ်ရှင်ထဲက သွေးရဲသံရဲ သတ်ခန်းဖြတ်ခန်းတွေဟာ တော်တော်ပီပြင်ပြီး၊ ကြမ်းတမ်းတဲ့ စကားလုံးတွေလည်း ပါဝင်တာမလို့ အသက် မပြည့်သေးသူတွေ၊ စိတ်မခိုင်သူတွေနဲ့ နှလုံးရောဂါရှိသူတွေ ကြည့်ရှုဖို့ မသင့်တော်ပေမဲ့ လူသတ်ကားကြည့်နေကျ ပရိသတ်တွေအတွက် တော်တော်ကြည့်လို့အဆင်ပြေစေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။