
ဒီကားလေးဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းကားလေးဖြစ်ပြီး rating 7 တောင်ရထားပါတယ်။ အစိုးရရှေ့နေအဖြစ် ဟောင်ကောင် မင်းသား ချောကြီး Aaron Kwok နဲ့ တရားခံရှေ့နေအဖြစ် ပါးနပ်ထက်မြက်လှတဲ့ Yu Nan တို့ဟာ သူကြွယ်သားအဖ ၂ ယောက်ရဲ့ လူသတ်မှုကို စိတ်ဝင်စားဖွယ်ဖော်ထုတ်ထားပါတယ်။ မုဆိုးဖိုသူဌေးကြီးဟာ သူ့ဇနီးဆုံးပြီး ၆ နှစ်အကြာမှာ နာမည်ကြီးအဆိုတော်တစ်ယောက်နဲ့ ခြေရှုပ် ခဲ့ပါတယ်။ သူဌေးကြီးရဲ့သမီးလေးက အဲ့ဒီမိန်းမကို မကျေနပ်တာတွေကြောင့် ကားနဲ့တိုက်သတ်ပစ်ရာကနေ အမှုရင်ဆိုင်ဖိုဖြစ်လာပါတယ်။ ရှေ့နေ ၂ ယောက်ရဲ့ အပြိုင်အဆိုင် စစ်မေးမှုတွေကြားမှာ လူသတ်သမားအစစ်ဟာ သူဌေးနဲ့အဆိုတော်ကို မုန်းနေတဲ့ သူတိုရဲ့ ဝါရင့် driver ကြီးလား? ဉာဏ်နီဉာဏ်နက်များတဲ့ သူဌေးကြီးကပဲ ကိုယ့်ချစ်သူကိုယ်သတ်လိုက်တာလား? ငယ်ရွယ်တဲ့သူဌေးသမီးကပဲ စိတ်လိုက်မာန်ပါ သတ်မိတာလား? သံသယဖြစ်စရာအမှုပါ။ တရားစီရင်ရေးရဲ့ မရှိမဖြစ်အရေးပါတဲ့ သက်သေတွေကိုလည်း အမြဲယုံလိုမရပါဘူး။ လုပ်ဇာတ် ခင်းထားတဲ့သက်သေတွေကြောင့် စီရင်ချက်အမှားတွေချမိနိုင်ပါတယ်။ ဒီအမှုမှာ တရားခံကိုကာကွယ်ပေးချင်တဲ့ တိတ်တဆိတ်သက်သေက ဘယ်သူဖြစ်မလဲ? တကယ့်တရားခံအစစ်အစားစတေးခံပေးမယ့် သူကရောဘယ်သူလဲ? မထင်မှတ်ထားတဲ့ဇာတ်သိမ်းလေးကြောင့် ရင်ထဲထိမိ သွားမှာ အမှန်ပဲဖြစ်လို ဒီလူသတ်မှုရဲ့ သံသယရှိသူတွေကို မျက်ခြေမပြတ် ရှုစားပေးကြပါဦး။