
ဒီတစ်ခါမှာတော့ ၂၀၁၈ ကထွက်ရှိထားပြီး rating 5.3 ရရှိထားတဲ့ horror ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီကားထဲမှာ ကလေးသရုပ်ဆောင်ချောလေးတွေဖြစ်တဲ့ Zidane Khalid နဲ့ Dania Michelle တို့ပါဝင်ထားပါတယ်။ ဘက်စကာရာဆိုတဲ့ မူလတန်း အရွယ်ကျောင်းသားလေးဟာ မုဆိုးမမိခင်နဲ့အတူနေထိုင်ပါတယ်။ ဘက်စကာရာဟာ ကျောင်းမှာအတန်းဖော်တစ်စုရဲ့ အနိုင်ကျင့်တာတွေ ခံရတယ်။ အိမ်ပြန်ရောက်တော့ တစ်ယောက်တည်း ရုန်းကန်ရှာဖွေရရှာတဲ့ အမေဖြစ်သူကလည်း စိတ်မကြည်မလင်တွေဖြစ်ပြီး သားကိုဆူပူ အပြစ်တင်တာတွေလုပ်တယ်။ ဘက်စကာရာတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူ့ဦးလေးအိမ်မှာသွားနေတဲ့အခါ သဘောမနောဖြူတဲ့ ဦးလေး မိသားစုရဲ့ မထင်မှတ်ထားတဲ့ဖြစ်ရပ်တွေကြုံ လာရပါတော့တယ်။ ထပ်ခါထပ်ခါတူညီနေတဲ့ ပြောဆိုပြုမူပုံတွေ၊ ညတိုင်းခြောက်လှန့် နှောင့်ယှက်တဲ့သရဲမရယ်၊ ဘာလို့ဘက်စကာရာတစ်ယောက် အဲ့လိုတွေကြုံနေရတာလဲဆိုတဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေကို လျှို့ဝှက် ဆန်းကြယ်စွာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။