
Shut In ဇာတ်လမ်းလေးက 2022 ခုနှစ်ထွက် အမေရိကန်သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး rating 6.9 ရရှိထားပါတယ်။ ဒီကားလေးဟာ The Daily Wire ၏ ပထမဆုံး မူရင်းရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ရွယ်တဲ့မိခင်တစ်ဦးဟာ အထုပ်ပိုးပြင်ပြီး ကလေး နှစ်ယောက်နဲ့အတူ အိမ်ကထွက်သွားမယ့်အချိန် မူးယစ်ဆေးစွဲနေတဲ့သူ့ယောက်ျားနဲ့ သူစိမ်းအမျိုးသားတစ်ယောက်က အိမ်ကိုရောက်ချ လာပါတယ်။ ကလေးအဖေက ဆေးရှိန်တက်ပြီး သူမကို မီးဖိုခန်းထဲထည့်ပိတ်ကာ လက်ကိုသံရိုက်မိအောင် လုပ်ခဲ့ပါတယ်။ ကလေး နှစ်ယောက်နဲ့မိခင်ကို ခွဲထားပြီး သူတို့ပြန်ထွက်သွားကြပေမဲ့ ခဏကြာတော့ သူစိမ်းဖြစ်တဲ့မုဒိမ်းသမားကြီးက သူတို့သားအမိတွေကို ဒုက္ခပေးဖို့ ရောက်လာပါတယ်။ သူမဟာ မီးဖိုခန်းထဲမှာပိတ်မိနေပြီး အပြင်ကကလေးတွေကို အရမ်းစိတ်ပူနေပါတယ်။ အဲဒီအတွက် သမ္မာကျမ်းစာပါ လမ်းညွှန်မှုတွေကို မှတ်သားပြီး ဉာဏ်ကိုလွှာသုံးကာ ကလေးနှစ်ယောက်ကို အန္တရာယ်မကြုံစေဖို့ကာကွယ်ရင်း လွတ်မြောက်မယ့်နည်းလမ်းကို ရှာဖွေရပါတော့တယ်။ သူတို့သားအမိကို ဒုက္ခပေးနေတဲ့ ယောက်ျားဖြစ်သူနဲ့ ဘယ်လိုစာရင်းရှင်းကြမလဲ? ကလေးတွေကရော မုဒိမ်း သမားကြီးလက်ကလွတ်ပါ့မလား ဆိုတာ ရင်တထိတ်ထိတ်နဲ့ စီးမျောကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
???