
ဒီတစ်ခေါက်မှာတော့ အက်ရှင်ကား၊ ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ကား မိတ်ဆက်ပေးလိုပါတယ်။ ဒီကားလေးကိုတော့ ၂၀၁၇ ခုနှစ်မှာထုတ်လွှင့်ခဲ့ပြီး အက်ရှင်ကားကြိုက်တဲ့သူတွေကြား ရေပန်းစား ခဲ့တဲ့ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ရိုးသားကြိုးစားပြီး အစစအရာရာ ပြီးပြည့်စုံတဲ့ဘဝကနေလာတဲ့ မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၊ ကားမတော်တဆတိုက်မှုနဲ့ ရုတ်တရက်ထောင်ကျသွားတဲ့အခါမှာ အကျင့်စရိုက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ မိသားစုအပေါ်မှာရော ဘယ်လိုတွေပြောင်းလဲသွားမလဲ၊ မိသားစုကိုရော ဘယ်လိုအခက်အခဲ၊ အန္တရာယ်တွေကြားထဲကနေ စောင့်ရှောက်သွားမလဲ၊ ဖခင်ကောင်း တစ်ယောက်တာဝန်နဲ့အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ရဲ့တာဝန်ကို ဘယ်လိုကျေပွန်စွာထမ်းဆောင်သွားမလဲဆိုတာကို ဇာတ်လမ်းလေး ကြည့်ရင်းကြည့်ရှုခံစားလိုက်ကြရအောင်နော် အက်ရှင်ဖိုက်တင်အခန်းတွေအပြင် မိဘမေတ္တာနဲ့အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပီသမှု တွေကိုပါ ဒီကားလေးထဲမှာ ခံစားတွေ့မြင်ရမှာမို့ လက်မလွတ် စတမ်းကြည့်သင့်တဲ့အက်ရှင်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်