
Drama/Action အမျိုးအစားကိုမှ ကြည့်ချင်နေကြတဲ့သူတွေအတွက် ၂၀၁၉ ခုနှစ်ကမှ ထွက်ရှိတဲ့ Shooting Heroin ဆိုတဲ့ ဇာတ်ကား ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးကိုတော့ ဒါရိုက်တာကြီး Spencer T.Folmar က ရိုက်ကူးပေးထားတာဖြစ်ပြီး အဓိက ဇာတ်ကောင်တွေအဖြစ် Sherilyn Fenn ၊ Alan Powel၊ Nicholas Turturro နဲ့ Cathy Moriarty တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းလေးဟာ Shooting Heroin ဆိုတဲ့အတိုင်းဘဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမေရိကန်မြောက်ပိုင်းမှာရှိတဲ့ မြို့လေးတစ်မြို့မှာ မူးယစ်ဆေးစွဲလမ်းမှုဟာ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဘယ်လောက်ထိ ဖျက်စီးနေတာဘဲဆိုတာ ဖော်ညွှန်းပြီး ရိုက်ပြထားတာဘဲ ဖြစ်တယ်။ Pennsylvania ပြည်နယ်၊ Whispering Pines မြို့မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးမှာ ကလေးတစ်ယောက် အဖေလည်းဖြစ်ပြီး ဆေးစွဲနေတဲ့ ညီမလေးကို စောင့်ရှောက်နေရတဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သူ Adam ၊ မူးယစ်ဆေးဝါး ကြောင့်ဘဲ သားနှစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူ Hazel နဲ့ မူးယစ်ဆေးသမားတွေနဲ့ပြည့်နေတဲ့ ထောင်ထဲမှာ အလုပ်လုပ်ရတာကို မကျေနပ်ခဲ့သူ Edward ဆိုတဲ့ အဓိက ဇာတ်ကောင်သုံးယောက်က သူတို့ရဲ့မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ပပျောက်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ အတူတကွ ကြိုးစားအား ထုတ်တာကို တွေ့မြင်ရမှာဖြစ်တယ်။ သူတို့ ၃ ယောက် အနေနဲ့ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ မူးယစ်ဆေးဝါးကို တိုက်ထုတ်မလဲ..သူတို့ရဲ့ရည်မှန်းချက်ကရော တကယ်အောင်မြင်ခဲ့လားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာဘဲ စောင့်ကြည့်လိုက်ပါတော့ နော်။ ဒီကားလေးထဲကလိုဘဲ အပြင်လောကမှာလည်း လူငယ်တွေကြား တကယ်ဖြစ်ပျက်နေနိုင်တာတွေရှိတဲ့အတွက် ပညာပေးဇာတ်ကား အနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဘဲဖြစ်တယ်