
ဒီတရုတ်ကားလေးက ၂၀၂၀ ဆိုပေမယ့် တစ်လောလေးကမှ ထွက်လာတဲ့ ဟောင်ကောင်ရဲဇာတ်ကားလေးပါ။ ပြောရရင် ဒီဇာတ်ကားလေးက Action/ Thriller သဘောကျတဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးပါ။ ဒီတစ်ကားမှာလည်း အရင်တစ်ခါက တင်ထားတဲ့ တရုတ်ကား I hope you are well ဇာတ်ကားတုန်းက မင်းသားကြီး Andy Lau ကပဲ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ E.O.D လို့ အတိုကောက်ခေါ်တဲ့ ဗုံးရှင်းလင်းရေး အရာရှိ ဖန်းချိန်ဖုန်းဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ ခြေတစ်ဖက် ပြတ်သွားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ဗုံးရှင်းတဲ့တာဝန်ကို ဆက်လက် ထမ်းဆောင်ချင်ပေမယ့်လည်း အထက်က အရာရှိတွေက သူ့ကို အခွင့်အရေးလေး တစ်ခုတောင် မပေးဘဲ ရဲတပ်ဖွဲ့ထဲက ကန်ထုတ်တဲ့အခါမှာတော့ သူဘယ်လိုအရာတွေ ပြုလုပ်မိမလဲဆိုတာကို ကြည့်ရှုရမှာပါ။ သေချာတာကတော့ ဒီဇာတ်လမ်းထဲမှာ မြှုပ်ကွက်တွေ ရှိနေပါတယ်။ ဘယ်လိုမြှုပ်ကွက်တွေလဲ ဆိုတာ သိချင်ရင်တော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှု ခံစားကြည့်လိုက်ပါ