
Scream 3 ထွက်ပြီး ၁၁ နှစ်အကြာမှာတော့ Scream 4 ထွက်လာခဲ့ပါတယ်။ Scream 4 မှာလည်း စစ်ဒနီ ဒီဝီ ဂေးလ်ဝယ်သာတို့ရဲ့ မူရင်းသရုပ်ဆောင်များ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဟောလိဝုဒ်က အဖြစ်အပျက်အပြီး ဆယ်နှစ်အကြာမှာ စစ်ဒနီဟာ စာအုပ်တစ်အုပ်ထုတ်ဝေပြီး စာအုပ် ကြော်ငြာလုပ်ရင်းနဲ့ သူရဲ့မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ သူပြန်လာတဲ့အချိန်မှာပဲ ဝုဒ်ရိုဘိုမှာ ကျောင်းသူကောင်မလေးနှစ်ယောက်အသတ်ခံလိုက်ရပါတယ်။ ဒါဟာတိုက်ဆိုင်မှုများလား စစ်ဒနီ့ကို အငြိုးထားနေတဲ့ နောက်မျက်နှာဖုံစွပ်လူသတ်သမားလား။ ရှေ့ကားတွေနဲ့မတူတာကတော့ လူသတ်သမားဟာ ဖြစ်ပြီးသားကိစ္စတွေကို ပြန်လိုက်လုပ်နေတာမဟုတ်ပါဘဲ Scream ထဲက ဇာတ်ကား Stab ရဲ့ မူရင်းဇာတ်လမ်း Stab 1 ကို ပြန်ပြင်ရိုက်နေတာပါ။ အများကြီးညွှန်းလိုက်ရင် အရသာပျက်သွားမှာမလို့ ဒီလောက်ပဲညွှန်းပါတော့မယ်။ ဒီတစ်ကားမှာတော့ ထင်မမှတ်ထားတဲ့လှည့်ကွက်တွေအများကြီး မြုပ်ထားတာမလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မယ်လို့ပြောလိုက်ပါရစေခင်ဗျာ။
Movies Name | Webpage | Telegram Link |
---|---|---|
Scream (1996) | Click Here | Click Here |
Scream 2 (1997) | Click Here | Click Here |
Scream 3 (2000) | Click Here | Click Here |
Scream 4 (2011) | Click Here | Click Here |
Scream (2022) | Click Here | Click Here |