
ဒီကားကတော့ ၂၀၀၀ ခုနှစ်မှာထွက်ထားတဲ့ Scream 2 ရဲ့အဆက် Scream 3 ပဲဖြစ်ပါတယ်။၊ ဒီဇာတ်လမ်းမှာတော့ Scream 1 နဲ့ Scream 2မှာဖြစ်ခဲ့တဲ့အကြောင်းတွေကို ဇာတ်ထုပ်ဖြေထားပြီးတော့ ရှေ့ကဇာတ်ကားနှစ်ကားကို ကြည့်ပြီးမှသာ ဒီဇာတ်ကားကိုဆက်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။
ဇာတ်လမ်းစစချင်းမှာပဲ ကော်တွန်ဝေရီဟာ စစ်ဒနီဘယ်မှာရှိလဲ ချိန်းခြောက်မေးခံရပြီး လူသတ်သမားသတ်တာကို ခံလိုက်ရပါတယ်။ ထူးခြားတဲ့အချက်တစ်ချက်ကတော့ ကော်တွန့်အလောင်းပေါ်မှာ ဓာတ်ပုံတစ်ပုံချန်ခဲ့တာပဲ။ အသတ်မခံရခင်မှာ ကော်တွန်ဟာ စတူဒီယိုတစ်ခုကရိုက်တဲ့ စတပ် ၃ မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်နေခဲ့တာပါ။ ကော်တွန်အသတ်ခံရပြီးနောက် ရက်နည်းနည်းကြာတော့ အဲ့ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တစ်ယောက်က ထပ်အသတ်ခံလိုက်ရပြန်တယ်။ အဲ့ဒီမှာလည်း လူသတ်သမားက ဓာတ်ပုံချန်ခဲ့ပြန်တယ်။ မျက်နှာဖုံးစွပ်လူသတ်သမားအနေနဲ့ အဲ့လိုလိုက်သတ်နေတဲ့ အကြောင်းကဘာဖြစ်မလဲ။ လူသတ်ပြီးတိုင်းချန်ထားခဲ့တဲ့ ဓာတ်ပုံနဲ့ရော ဘာပတ်သတ်မှုရှိနေမလဲ။ စစ်ဒနီနဲ့ရော ဘာပတ်သတ်မှုရှိမလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုဇာတ်ကား Scream 3 အား အခုပဲ ဒေါင်းကြည့်လိုက်ပါ။
Movies Name | Webpage | Telegram Link |
---|---|---|
Scream (1996) | Click Here | Click Here |
Scream 2 (1997) | Click Here | Click Here |
Scream 3 (2000) | Click Here | Click Here |
Scream 4 (2011) | Click Here | Click Here |
Scream (2022) | Click Here | Click Here |