
ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ရှိထားပြီး အရင်ကထက် နည်းနည်းပိုခြောက်ခြားဖို့ကောင်းတဲ့ Horror အမျိုးအစား ဖြစ်ပါ တယ်။ ဒီကားကတော့ IMDb 6.3 ရရှိထားပြီး ဇာတ်ကားနာမည်ကတော့ Satu Suro ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကတ်ရှီဟက်တီ အထွေထွေရောဂါကုဆေးရုံကြီးမှာ လာစတွီဆိုတဲ့အမျိုးသမီးဟာ သူ့ကလေးသေဆုံးတာကို လက်မခံနိုင်ဘဲ စိတ်ဖောက်ပြီးတော့ ကလေးကို အသည်းအသန်လိုက်ရှာပါတယ်။ နောက်ဆုံးမှာ ကလေးတွေထားတဲ့အခန်းကို ရောက်သွားခဲ့ပါတယ်။ အခန်းထဲမှာ စိတ်ဖောက်ပြီးတော့ ကလေး တွေကို သတ်လိုက်ပါတယ်။ အပြင်မှာရှိတဲ့လူတွေရဲ့အသံတွေကြောင့် ပိုစိတ်ဖောက်ပြန်ပြီး အရက်ပျံတွေနဲ့ မီးရှို့လိုက်ပြီးနောက် ဆေးရုံတစ်ခုလုံး မီးလောင်သွားပါတယ်။ တစ်နေ့မှာ စာရေးဆရာဘာရူက မကြာခင်ကလေးမွေးဖွားတော့မယ့် သူ့မိန်းမဖြစ်သူဒင်ဒါနဲ့ ကလေးရဲ့ကုန်ကျစရိတ်တွေ အတွက် စာပြန်ရေးရတော့မှာဖြစ်တာကြောင့် စာအေးအေးဆေးဆေးရေးဖို့အတွက် တိတ်ဆိတ်မယ့်နေရာ၊ သူ့မိန်းမအတွက် သက်သောင့် သက်သာဖြစ်စေမယ့် နေရာကောင်းတစ်နေရာကို ဌားရမ်းဖို့အတွက် သူ့ဦးလေးရာဟာဂျို နဲ့တိုင်ပင်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ မြို့ပြင်မှာ သူ့ဦးလေး ဝယ်ထားတဲ့ သစ်သားအိမ်ကြီးဟာ ဘာရူလိုချင်တဲ့ ပုံစံအတိုင်းဖြစ်တာကြောင့်အဲဒီအိမ်ကြီးမှာ နေခိုင်းလိုက်ပါတယ်။ အိမ်ကြီးဟာ လူမနေတာ ကြာပြီဖြစ်နေတဲ့အတွက် ထူးဆန်းတဲ့အရာတွေလည်း ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဘာရူနဲ့ ဒင်ဒါတို့ လင်မယားနှစ်ယောက်က အဲဒီအိမ်မှာ ဘယ်လိုမျိုးတွေ့ကြုံရမလဲ၊ မင်းသမီးက မွေးခါနီးဖွားခါနီး အချိန်ဆိုတော့ ဗိုက်ကြီးကားကားနဲ့ သရဲတွေကိုဘယ်လိုရင်ဆိုင်သွားမလဲ ….. ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုဖွယ်ကောင်းလောက်အောင် ကြည့်ရှုရမှာဖြစ်ပါတယ်