
၂၀၁၇ ခုနှစ်က ထွက်ရှိသွားတဲ့ Satan’s Slaves ဆိုတဲ့ ဇာတ်ကားထဲက စေတန်ကိုးကွယ်တဲ့ ကျင့်စဉ်နောက်လိုက်ပြီး ဆုတောင်းမှားခဲ့လို့ အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရတဲ့ မာဝါနီတို့ မိသားစုကို မှတ်မိကြသေးလား။ အခုထွက်ရှိလာတဲ့ ဇာတ်ကားကတော့ အဲ့ဒီဇာတ်ကားရဲ့နောက်ဆက်တွဲပါ။ Satan’s Slaves (2) မှာတော့ အရင်ကားထက်စာရင် ရုပ်ပိုင်းရော အသံပိုင်းရော အရမ်းကွာသွားပါတယ်။ ဇာတ်လမ်းကတော့ ပထမကားကို ကြည့်ဖူးတဲ့ ပရိသတ်များသိတဲ့အတိုင်း အဖြစ်ဆိုးတွေ ကြုံခဲ့ရပြီးတဲ့နောက် ရီနီတို့ မိသားစုဟာ ဖခင်ဖြစ်သူစီစဉ်တဲ့အတိုင်း တိုက်ခန်းတစ်ခန်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဖြစ်ခဲ့သမျှ အရာအားလုံးကိုမေ့ပစ်ပြီးနေမယ်ဆိုတဲ့စိတ်နဲ့ ဘဝသစ်စခဲ့တဲ့ ရီနီတစ်ယောက် မြို့ပေါ် ကျောင်းသွားမတက်ခင်ညမှာ ကံဆိုးပြီး သူတို့မြို့ငယ်လေးကို မုန်တိုင်းက ဝင်ပါတော့တယ်။ အဲ့ဒီနေ့မှာပဲ တိုက်ခန်းနေထိုင်သူတွေအတွက် ကြမ္မာငင်လာတဲ့အခါ ရီနီတို့မိသားစု တကယ်ပဲ အတိတ်နဲ့မပတ်သက်ပဲ နေသွားနိုင်မှာလား…တိုက်ခန်းနေထိုင်သူတွေ ကံဆိုးမိုးမှောင်ကျရခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ သိချင်ရင် အမြန်သာ Download လုပ်ကြည့်လိုက်ပါတော့ဗျို့… Lighting နဲ့ အသံပိုင်းဆိုင်ရာမှာ အရမ်းကောင်းအောင် ရိုက်ပြထားတဲ့အပြင် IMDb rating (7.1) တောင်ရထားတဲ့ Horror movie မို့လို့ ထုံးစံအတိုင်း နှလုံးရောဂါရှိရင်မကြည့်ဖို့ သတိပေးလိုက်ပါရစေ။
Movies Name | Webpage | Telegram |
---|---|---|
Satan’s Slave (Pengabdi Setan) (2017) | Click Here | Click Here |
Satan’s Slaves 2: Communion (2022) | Click Here | Click Here |