
Roald Dahl’s The Witches (မြန်မာစာတန်းထိုး)
2020 ‧ Fantasy/Comedy ‧ 1h 46m
Translate & Script =Pig Crazy
xxxxxxxxxxxxxxxxxxxx
ဒီဇာတ်လမ်းလေးထဲမှာဆိုရင်တော့ ပုံပြင်ပြောတဲ့သူ တစ်ယောက်က ကားမတော်တဆကြောင့်မိဘတွေသေဆုံးသွားလို့ အဘွားနဲ့အတူတူနေရတဲ့ ကောင်လေး တစ်ယောက်အကြောင်းကို ပြောပြနေတာပါ။ ကလေးရဲ့အဖွားက စိတ်ရှည်ရှည်နဲ့ သူ့ရဲ့ဝမ်းနည်းမှုတွေ ပြေပျောက်အောင် လုပ်ပေးတယ်။ သူ့အဖွားရဲ့ ကြိုးစားမှု ကြောင့် ကောင်လေးက ပြန်ပြီး တက်ကြွလာတယ်။ သူ့အဖွားက သူ့ကို ကြွက်လေးတစ်ကောင်လက်ဆောင်ပေးခဲ့ပြီး သူက အဲဒီကြွက်လေးကို ဒေစီလို့ နာမည် ပေးခဲ့တယ်။ တစ်နေ့ သူတို့ စတိုးဆိုင်မှာ စျေးဝယ်နေတဲ့အချိန်မှာ မိန်းမကြီးတစ်ယောက်က သူ့ကို ချိုချဉ်တွေ လာကျွေးတယ်။ သူကြောင်ကြည့်ပြီး ယူမလို့ လုပ်နေတုန်းမှာပဲ သူ့အဖွားရောက်လာပြီး သူ့ကိုခေါ်လိုက်တော့ အဲဒီမိန်းမကြီးက ပျောက်သွားတယ်။ သူ့အဖွားကို အဲဒီအကြောင်း ပြန်ပြောပြလိုက်တော့ သူ့အဖွားက အဲဒါစုန်းမတွေဖြစ်တယ်လို့ပြောပြီး သူတို့က ဟိုတယ်ကို ပြောင်းနေကြတယ်။ ကံဆိုးချင်တော့ သူတို့ရွေးလိုက်တဲ့ဟိုတယ်က စုန်းမတွေ အစည်းအဝေးလုပ်ဖို့ ရွေးထားတဲ့ ဟိုတယ် ဖြစ်နေတယ်။ ကဲ အဲဒီတော့ သူတို့ အဲဒီဟိုတယ်ကြီးမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ကြရအောင်