
တိရစ္ဆာန်တွေသာ လူလောက်နီးပါးအသိဉာဏ်ရှိသွားရင် ဘာတွေဖြစ်လာနိုင်မလဲ စဉ်းစားဖူးကြလားဗျ။ ကျွန်တော်တော့ စဉ်းစားဖူးပါတယ်။ အဖြေကတော့ ရေရေရာရာမထွက်ခဲ့ပါဘူး။ ဒီကားလေးမှာတော့ ချောင်ပိတ်ပြီး ကျဉ်းထဲကျပ်ထဲရောက်သွားတဲ့ အသိဉာဏ်မြင့်ချင်ပန်ဇီဟာ ဘာတွေလုပ်နိုင်မလဲ ဘာတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် ဝီဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး ဆေးတစ်မျိုးကို အသည်းအသန်ဖော်ထုတ်နေပါတယ်။ ဘာဆေးလဲဆိုတော့ သူ့အဖေဖြစ်နေတဲ့ အတိတ်မေ့တဲ့ အန်ဇိုင်းမားဆိုတဲ့ရောဂါကို ကုသပေးဖို့ဆေးပဲဖြစ်ပါတယ်။ လူတွေနဲ့စမ်းသပ်ဖို့အတွက်မလုပ်ခင်မှာ ချင်ပန်ဇီမျောက်တွေနဲ့စမ်းသပ်ပါတယ်။ စမ်းသပ်စဉ်အတွင်း မတော်တဆမှုတွေဖြစ်ခဲ့ပြီး မျောက်သားလေးတစ်ကောင်ကို မွေးလာပါတယ်။ မျောက်သားလေးဟာ ဆေးပေးခံထားရတဲ့ မျောက်အမေဆီကနေပြီးတော့ ဆေးအစွမ်းတွေကိုဆက်ခံရရှိပြီး သာမန်ထက်ကိုပိုပြီး ဉာဏ်ရည်မြင့်နေပါတော့တယ်။ ဉာဏ်ရည်မြင့်တဲ့မျောက်တစ်ကောင် အကျဉ်းအကျပ်ထဲရောက်သွားတော့ ဘာတွေဆက်ဖြစ်မလဲ ဆေးအစွမ်းကရော ဘယ်လောက်ထိသက်ရောက်မှုတွေရှိမလဲဆိုတာတွေတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုခံစားကြည့်လိုက်ပါ။
Movies Name | Webpage | Telegram |
---|---|---|
Rise of the Planet of the Apes (2011) | Click Here | Click Here |
Dawn of the Planet of the Apes (2014) | Click Here | Click Here |
War for the Planet of the Apes (2017) | Click Here | Click Here |