
ဗီဒီယိုဂိမ်းစီးရီးကို အခြေခံပြီး ရိုက်ကူးထားတဲ့ Resident Evil အက်ရှင်ဇွန်ဘီးသရဲကားဟာ November 24, 2021 မှာ အသစ်ထွက်ရှိလာပြီး Rating 5.2/10 ရရှိထားပါတယ်။ တစ်ချိန်က ဆေးဝါးကုမ္ပဏီကြီး အမ်ဗရဲလား ကော်ပိုရေးရှင်းကြောင့် စည်ကားလာခဲ့တဲ့ ရက်ကွန်းမြို့တော် ကနေ ကြိုဆိုလိုက်ပါတယ်။ ခရစ်နဲ့ ကလဲရာတို့မောင်နှမနှစ်ယောက်ဟာ မိဘမဲ့ဂေဟာမှာနေထိုင်ခဲ့ရပါတယ်။ အမ်ဗရဲလား အဖွဲ့က ကလဲရာကို စမ်းသပ်ဖို့ခေါ်ခဲ့ဖူးပေမယ့် ကလဲရာတစ်ယောက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ ကလဲရာဟာ မိဘမဲ့ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းဟာ အမ်ဗရဲလားပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့မှာ ကလဲရာဟာ အမ်ဗရဲလားရဲ့ မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သက်တဲ့ကိစ္စတစ်ခုကြောင့် သူ့အစ်ကိုဆီ ပြန်လာချိန်မှာ ဇွန်ဘီးတွေ ပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပါတယ်။ အမ်ဗရဲလားအဖွဲ့ရဲ့ စမ်းသပ်မှုတွေနဲ့ပြည့်နေတဲ့ အဲ့ဒီနေရာမှာ ဘယ်လိုကြောက်မက်ဖွက် ကောင်းတာတွေ တွေ့ရမလဲ? ရက်ကွန်းမြို့ကနေလွတ်မြောက်ဖို့ သူတို့ဘယ်လိုတွေကြိုးစားရမလဲ? ဆိုတာ စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှု လိုက်ကြပါဦး။
Movies Name | Telegram Link | Website Page Link |
---|---|---|
Resident Evil (2002) | Click Here | Click Here |
Resident Evil: Apocalypse (2004) | Click Here | Click Here |
Resident Evil: Extinction (2007) | Click Here | Click Here |
Resident Evil: Afterlife (2010) | Click Here | Click Here |
Resident Evil: Retribution (2012) | Click Here | Click Here |
Resident Evil: The Final Chapter (2016) | Click Here | Click Here |
Resident Evil Welcome to Raccoon City (2021) | Click Here | Click Here |