
IMDBမှာ 6.0/10 ရရှိထားတဲ့ ၂၀၂၀ပြည့်နှစ်မှာထွက်ရှိလာပြီး Netflix မှာပြသခဲ့တဲ့ Project Power ဇာတ်ကားကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေစမ်းသပ်ထုတ်လုပ်နေရာက အစိုးရခွင့်ပြုချက်မရလို့ဆိုပြီး နယူးအော်လန်မှာရှိတဲ့ လူတွေကိုစမ်းသပ်ပြီး အစိုးရကိုဖြုတ်ချဖို့နဲ့ စနစ်ကြီးတစ်ခုလုံးကိုဖြုတ်ချဖို့ကြိုးစားနေတဲ့သူတို့…. ဆီးချိုသွေးချိုရှိတဲ့အမေအိုကို လုပ်ကျွေး နေရာက အမေအိုအရေးပေါ်ခွဲစိတ်နိုင်အောင် ပိုက်ဆံရှာဖို့အတွက် လောဘသားတွေထောင်ထားတဲ့ ညွတ်ကွင်းထဲသက်ဆင်းရင်း အရှုပ်တွေ ကြားထဲဝင်ပါမိတဲ့ ကောင်မလေးရော်ဘင်…… ပါဝါ(စွမ်းအား)ဆေးတွေသောက်ပြီး သောင်းကျန်းနေတဲ့လူဆိုးတွေကိုနှိမ်နင်းနိုင်ဖို့ ပါဝါဆေးတွေ လိုက်သုံးပြီး ဆေးထုတ်လုပ်တဲ့အရင်းအမြစ်ကိုလိုက်ရှာနေတဲ့ရဲအရာရှိ….. အစမ်းသပ်ခံအဖြစ်အသုံးချဖို့ ခေါ်ဆောင်သွားခြင်းခံရတဲ့သမီးကို လိုက်ရှာနေတဲ့စစ်သားဟောင်းတစ်ယောက်…. သူတို့သုံးယောက်ဟာ ဘယ်လိုတွေပေါင်းစည်းပြီး လူအင်အားငွေကြေး အင်အားတောင့်တင်းပြီး အရာရှိကြီးတွေကိုအိတ်ထောင်ထဲထည့်ထားတဲ့အဖွဲ့အစည်းကို ဘယ်လိုတိုက်ခိုက်ကြမှာလဲ သူတို့ရဲ့တိုက်ခိုက်မှုတွေကအရာရောက်ပါ့မလား ပျောက်နေတဲ့ သမီးကိုကော ပြန်ရှာတွေ့နိုင်ပါ့မလား သူတို့ကောအသက်ရှင်လွတ်မြောက်နိုင်ပါမလားဆိုတာ သဲထိတ်ရင်ဖိုကြည့်ရှုရမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုတာ ညွှန်းဆိုလိုက်ပါရစေ