
ဒီကားဟာဆိုရင် အထက်တန်းကျောင်းသားလေး ဒေးဗစ်ဟာ သူ့ဘဝမှာ အတက်ချင်ဆုံးဖြစ်ခဲ့တဲ့ နည်းပညာတက္ကသိုလ်ကို တက်ရောက် လိုပေမယ့် ငွေကြေးမပြည့်စုံခဲ့တဲ့အတွက် စီမံကိန်းမျိုးစုံကို သူ့ရဲ့အချစ်ရဆုံးငယ်သူငယ်ချင်းတွေဖြစ်တဲ့ အဒမ်,ကွင်းတို့နဲ့အတူ တီထွင်ကြံဆပြီး ပညာတော်သင်ဆုရဖို့ ရည်ရွယ်ခဲ့ပေမယ့် ဖြစ်မလာတဲ့အဆုံး အမေဖြစ်သူက အိမ်ရောင်းပြီး ကျောင်းထားပေးဖို့ စီစဉ်ပါတော့တယ်.. လိမ္မာတဲ့သား ဒေးဗစ်ဟာ အမေကိုလည်း စိတ်ဒုက္ခ မရောက်စေချင် ကိုယ်တိုင်ကလည်း အရမ်းတက်ချင်ခဲ့တဲ့ကျောင်းဖြစ်နေတဲ့အတွက် စိတ်ညစ်ညစ်နဲ့နေနေတုန်း မထင်မှတ်ထားတဲ့ တနေ့မှာသေဆုံးသူ သူ့အဖေ ချန်ရစ်ခဲ့တဲ့ အချိန်ခရီးသွားနိုင်တဲ့ စက်လေးကို သူ့အစ်မနဲ့သူတို့ ရှာတွေ့ခဲ့ကြပြီး အတိတ်ကို ပြန်သွားကြ သူတို့တစ်ဦးချင်းဆီရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ အားလုံးကို အကောင်အထည်ပြန်ဖော်ဖြစ်ခဲ့ကြတယ် သူသိပ်ချစ်ရတဲ့ သူငယ်ချင်းမလေး ဂျက်ဆီကိုလည်း အချိန်ခရီးသွားစက်လေးနဲ့မှ ရည်းစားစကားပြောရဲခဲ့တဲ့ ဒေးဗစ် တစ်ယောက်ရဲ့ အကြောင်း ကို စိတ်လှုပ်ရှားစရာ လူငယ်ဘဝ ရယ်ရွှင်စရာကောင်းတဲ့ အထက်တန်းကျောင်းသားတွေ အဖြစ်မြင်တွေ့နိုင်ပြီး ဒီဇာတ်ကားမှာ ကိုယ်ကိုယ် တိုင်ဒီလိုစက်လေးကို ပိုင်ဆိုင်လိုစိတ်ဖြစ်စေတဲ့အထိ စီးမျောနိုင်တဲ့ခံစားမှုရသမျိုးကို ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ခုပါ.. လူငယ်တွေရဲ့ တီထွင်နိုင်မှုတွေ စိတ်အားထက်သန်မှုတွေဟာ လေးစားစရာကောင်းပြီး လူကြီး လူငယ်မရွေး လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကား ကောင်းလေး တစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားမှာ ဒေးဗစ် ရက်စ်ကင်အဖြစ် ဂျော်နီဝက်စ် တန်၊ ဂျက်ဆီအဖြစ် ဆိုဖီယာ ဘလက်ဒီအလီယာ၊ ကွင်းအဖြစ် ဆမ်လာနာ၊ အဒမ်အဖြစ် အယ် လန်ဒီဗန်ဂယ်လစ်စတာ၊ ခရစ္စတီး နားအဖြစ် ဗာဂျီးနီးယားဂက်နာတို့ က သရုပ်ဆောင်ထားပါတယ်