
ရွာတစ်ရွာမှာ နေထိုင်တဲ့ လူကလေး ‘အာရှိတက’ ဟာ ရွာရဲ့ရှေ့ရေးအနာဂတ်အတွက် အလားအလာကောင်းပြီး သွက်လက်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရွာရဲ့အနီးနားမှာရှိတဲ့တောအုပ်ထဲက ရုတ်တရက်ထွက်လာတဲ့ မူမမှန် တောဝက် တစ်ကောင်ရဲ့ ရန်လိုမှုကို ဟန့်တားရင်း အာရှိတကရဲ့လက်တစ်ဖက်မှာ ဒဏ်ရာရရှိသွားပါတယ်။ အဲ့ဒီဒဏ်ရာက ဘယ်လောက်ထိ ပြင်းထန်လဲ ဆိုရင် သူ့ရဲ့အသက်ကိုပါ သေစေနိုင်တဲ့အထိ ဖြစ်စေတဲ့ကျိန်စာသင့်အနာရောဂါလို ဖြစ်နေပါတယ်။ အဲ့ဒီဒဏ်ရာက သူ့ကိုယ်ပေါ်မှာ တဖြည်းဖြည်း ပျံ့နှံ့နေရာယူလာတဲ့အတွက် ရွာရဲ့ပညာရှိအဘွားအိုကြီးက ကုသပေးနိုင်မယ့်နည်းလမ်းကို ရှာဖွေသုံးသပ်ဖို့ သူ့ကို ခရီးထွက်ခိုင်း လိုက်ပါတယ်။ ဒီဇာတ်လမ်းက ၁၄ ရာစုမှာ လူသားတွေ၊ တိရိစ္ဆာန်တွေနဲ့ နတ်ဘုရားတွေ သဘောကျနှစ်သက်ခဲ့တဲ့ စည်းလုံးညီညွတ်မှုက စတင်ပြိုကွဲသွားခဲ့ တာကို အခြေခံရင်း လူငယ်လေး ‘အာရှိတက’ ဟာ ကိုယ်ကျိုးအတွက် သဘာဝတရားကြီးကို ဖျက်ဆီးနေတဲ့လူသားတွေကို ဘယ်လိုပုံစံမျိုးနဲ့ တားဆီးရပ်တန့်မှာလဲဆိုတာ၊ တားဆီးရပ်တန့်ရင်းနဲ့ ဘယ်လိုပြဿနာတွေ ထပ်တက်ပြီး သူ့အနေနဲ့ ဘယ်လိုအခက်အခဲပေါင်း များစွာကို ထပ် ရင်ဆိုင်ရမလဲဆိုတာ၊ အာရှိတကရဲ့ လမ်းခရီးမှာ ဘယ်သူတွေနဲ့ ကြုံတွေ့ရမှာလဲဆိုတာ စတာတွေကို အသေးစိတ်သိချင်ရင်တော့ ဒီ animation လေးထဲမှာ ခံစားကြည့်ရှူရမှာဖြစ်ပါတယ်။ ခေတ်ဟောင်းကောင်းဖြစ်နေတာတောင် ဘာကြောင့် IMDb Rating 8.4 အထိ ရရှိထားရသလဲ ဆိုတာကိုတော့ ပညာသားပါတဲ့ ဒီ animation လေးကိုပဲ ကြည့်ရှူလိုက်ကြပါနော်။