
အပနှင်တဲ့ကားမျိုးကြိုက်တဲ့ ရွှေပန်းသီးပရိသတ်တွေအတွက် Horror ကားကောင်းတစ်ကားကို ယူဆောင်လာပါပြီ။ Drama လေးလည်း နည်းနည်းချိုးထားတာမို့ Horror vibe ကနေ အသည်းငယ်သူတွေအတွက် ငိုရချင်ငိုရဦးမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နီလို့ခေါ်တဲ့ ကလေးလေးဟာ ငယ်စဉ်က မိခင်ဖြစ်သူရဲ့ ထူးထူးဆန်းဆန်းအပြုအမှုတွေကြားမှာ စိတ်ဒဏ်ရာရပြီး ကြီးပြင်းခဲ့ရပါတယ်။ မိခင်မရှိတော့တဲ့ နောက်ပိုင်း အရွယ်ရောက်လာတဲ့ အန်နီတစ်ယောက် သာသနာပြုခဲ့ပါတယ်။ ဘုရားကျောင်းမှာ သီလရှင်ဘဝနဲ့ ရှင်သန်နေထိုင်ရင်း သူများနဲ့ မတူတဲ့ သူ့ရဲ့စိတ်က ဘုန်းတော်ကြီးတွေပဲ တတ်အပ်တဲ့အတက်ပညာရပ်တစ်ခုဖြစ်တဲ့ အပနှင်ခြင်းပညာရပ်ကို ခိုးဝှက်ပြီး ဆည်းပူးနေတာကို ပညာရပ်ပို့ချတဲ့ ဘုန်းတော်ကြီးက သိသွားပါလေရော။ အဲဒီနောက် ဘုန်းတော်ကြီးက အန်နီ့ကို အပနှင်ခြင်းပညာရပ်ကို လေ့လာခွင့်ပေးခဲ့ရာမှ အန်နီ့ဘဝမှာ ယခင်အတိတ်နဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ အင်္ဂလိပ်ကားတွေရဲ့ထုံးစံအတိုင်း ရိုက်ကွင်းရိုက်ကွက် ကောင်းမွန်ရုံသာမက အသံအရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲ လိုက်ပါစီးမျော ကြည့်လိုက်ရအောင်ပါ။ Imdb rating (5.2/10) ပဲပေးထားပေမယ့် ကိုယ့်အမြင်အရတော့ အဲဒီထက်ပိုရသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။