
ဒီ anime ဇာတ်ကား Ponyo ကို လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ပွန်ငြိုဆိုတဲ့ငါးမလေးဟာ လူအဖြစ်ကိုစွန့်လွှတ်ထားတဲ့မှော်ဆရာကြီးနဲ့ ပင်လယ်နတ်ဘုရားမရဲ့ရင်သွေးလေးဖြစ်ပြီး သူဟာ သူသွေးသောက်လိုက်တဲ့သတ္တဝါရဲ့ အသွင်သဏ္ဍာန်ကိုတုနိုင်ပါတယ်။ တစ်နေ့မှာ ပွန်ငြိုဟာ အဖေဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတုန်း သူ့အဖေအာရုံများနေတဲ့အချိန်မှာ အသာလေးစွန့်စားခန်းလစ်ထွက်လာခဲ့ရင်း လူသားတို့ရှိရာကမ်းစပ်ကိုရောက်လာခဲ့ပါတယ်။ နောက်ထပ်အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆိုးစုကဲဆိုတဲ့ကောင်လေးကတော့ ပင်လယ်ကမ်းစပ်ဒေသမှာနေထိုင်တဲ့ သာမန်လူသားလေးတစ်ယောက်ပါ။ သူဟာ ထွက်ပြေးလာတဲ့ပွန်ငြိုကို ငါးအသွင်နဲ့ရှာတွေ့ခဲ့ပြီး ပွန်ငြိုတစ်ယောက် မတော်တဆ ဆိုးစုကဲရဲ့သွေးကိုလျက်လိုက်တဲ့အချိန်မှာတော့ လူဖြစ်သွားရင်း နှစ်ယောက်သားရင်းနှီးသွားပါတယ်။ သို့သော်လည်း လူသားတွေနဲ့မသက်ဆိုင်တဲ့ ပွန်ငြိုဟာ ဆိုးစုကဲကို ချစ်ခင်စုံမက်ပြီး လူတွေရဲ့လောကကိုခင်တွယ်လာတဲ့အတွက် ကမ္ဘာကြီးထဲ ကမောက်ကမတွေဖြစ်ကာ ကမ္ဘာပျက်နိုင်မယ့်အရေးနဲ့ကြုံတွေ့လာရတဲ့အခါမှာတော့ နှစ်ယောက်သားအနေနဲ့ ဒီအရေးကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရှုစားပေးကြပါဗျ။
I like this movie