
၂၀၀၄ ခုနှစ်မှာ စိတ္တဇလူသတ်သမား ဂျိုတီးကို လူငယ်နှစ်ယောက် ရိုဟစ်နဲ့ ဒီဝါခါကို သတ်မှုနဲ့အတူ ကလေးငယ်ပေါင်းများစွာကို ပြန်ပေးဆွဲမှုနဲ့ သတ်မှုတို့အတွက် တရားစွဲထားပါတယ်။ ပြီးတဲ့နောက်မှာတော့ ဂျိုတီးကို ဖမ်းတဲ့အချိန်မှာ သူကထွက်ပြေးလို့ ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ၁၅ နှစ်ကြာပြီးတဲ့ နောက်မှာ အွတ်တေးမှာနေတဲ့ ပက်တီရှင်းပက်သူရက်ရှ်လို့ခေါ်တဲ့ လူတစ်ယောက်က ဂျိုတီးက အပြစ်ကင်းပါတယ်ဆိုပြီး အမှုကို ပြန်ဖွင့်ခဲ့ပါတယ်။ ပက်သူရက်ရှ် သမီး ဗမ်ပါက ဒီအမှုအတွက် တရားခံရှေ့နေ လုပ်ပေးမှာပါ။ ပထမရုံးချိန်းမှာ အမှုရဲ့ အဓိက မျက်မြင်သက်သေဖြစ်တဲ့ ရာမာက လူသတ်မှုဖြစ်တဲ့အချိန် ချန်နီးမှာ ရောက်နေပြီး သူက စုံစမ်းစစ်ဆေးရေး အရာရှိ အလက်ဇန်းဒါးက လုပ်ကြံထားတဲ့ သက်သေဖြစ်ကြောင်း သက်သေပြနိုင်တဲ့အတွက် နောက်ရုံးချိန်းကို ထပ်တက်နိုင်ခဲ့ တယ်။ ပထမရုံးချိန်းပြီးတဲ့အချိန်မှာ သူတို့တွေက အစိုးရရှေ့နေကို ရိုဟစ်ရဲ့အဖေဖြစ်တဲ့ စီးပွားရေးသမား ဗာရတ်ဟာရာဂျန် ခန့်ထားတဲ့ နာမည်ကြီး ရှေ့နေ တစ်ယောက်ဖြစ်တဲ့ ရာဂျာရတ်တီနမ်နဲ့ လဲခဲ့ပါတယ်။ ဒီအမှုဟာ အတိမ်းစောင်းမခံနိုင်တဲ့အမှုဖြစ်ပြီး အမှုကို ပြန်ဖွင့်ခဲ့တဲ့အတွက် ဗမ်ပါလည်း လူတွေရဲ့ ပြောဆိုခြင်း ရှုံ့ချခြင်းကို ခံရပါတယ်။ ရာဂျာရတ်တီနမ်က ဗာရတ်ဟာရာဂျန်ရဲ့လူဖြစ်တဲ့အတွက် ဗမ်ပါက ဒီအမှုကို ခုခံတဲ့အချိန်မှာ လွယ်ကူပါ့မလား။ ဟာရာဂျန်က ဘာလှည့်ကွက်တွေ သုံးမလဲ။ ဗမ်ပါကရော ဘာကြောင့် ၁၅ နှစ်ကြာပြီးမှ ဒီအမှုကို ပြန်ဖွင့်ပြီး ဂျိုတီးအတွက် တရားမျှတမှုကို ပြန်ယူပေးချင်တာလဲ ဆိုတာတွေကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားလိုက်ကြပါ ခင်ဗျား