
ကပ္ပတိန်ဂျက်စပဲရိုးရဲ့ ဒုတိယမြောက်ကားလာပါပြီ။ ဒီကားမှာဆိုရင် လာလာချင်းမှာပဲ ပထမကားမှာ ဂျက်ကိုလွတ်အောင်လုပ်ပေးလိုက်တဲ့ပြစ်မှုနဲ့ ဝီလ်နဲ့ အဲလီးဇဘက်တို့ဖမ်းခံလိုက်ရပါတယ်။ ဖမ်းတဲ့ ဘက်ကက်ဆိုတဲ့သခင်ကြီးကလည်း ဂျက်စပဲရိုးနဲ့အခဲမကျေတဲ့သူဆိုတော့ကာ ဝီလ်နဲ့ အပေးအယူလုပ်ပြီး ဂျက်ဆီကပစ္စည်းတစ်ခုကိုယူခိုင်းပါတယ်။ ဂျက်စပဲရိုးကျတော့ ပစ္စည်းတစ်ခုကိုအသည်းအသန်လိုက်ရှာနေပြီး အသည်းအသန်ရှာရတဲ့အကြောင်းကတော့ သူ ဒေဗီဂျုန်းဆီက ယူထားတဲ့အကြွေးကို ပြန်မဆပ်ဘဲ ထုံးစံအတိုင်းနှစ်ကျပ်ကွက်နင်းချင်လို့ပဲဖြစ်ပါတယ်။ အပေးအယူအရ ဝီလ်က ဂျက်စပဲရိုးကိုလိုက်ရှာနေချိန်မှာ တစ်ဖက်မှာ အဲလီးဇဘက်ကလည်း ပင်လယ်ထဲထွက်ပြီး ဝီလ်ကိုလိုက်ရှာပြန်ပါတယ်။ နှစ်ယောက်သား အသီးသီး လမ်းမှာဂျက်နဲ့တွေ့ပြီး ဘာတွေဖြစ်ကြဦးမလဲ၊ ဝီလ်က ဂျက်ဆီကနေဘာယူပေးရမှာလဲ၊ ဂျက်ကရော သူ့အတွက်ဘာလုပ်ပေးနိုင်တဲ့ပစ္စည်းမို့လိုက်ရှာနေတာလဲ အစရှိတာတွေကို တိုက်ခိုက်ခန်း ဟာသခန်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါးလေးကြည့်နိုင်ပါပြီ။
Movies Name | Webpage | Telegram Link |
---|---|---|
Pirates of the Caribbean: The Curse of the Black Pearl (2003) | Click Here | Click Here |
Pirates of the Caribbean: Dead Man’s Chest (2006) | Click Here | Click Here |
Pirates of the Caribbean: At World’s End (2007) | Click Here | Click Here |
Pirates of the Caribbean: On Stranger Tides (2011) | Click Here | Click Here |
Pirates of the Caribbean: Dead Men Tell No Tales (2017) | Click Here | Click Here |
ဇွန်ဘီကားတွေကြည့်ချင်လို့များများတင်ပေးပါ