
ကဲ ကပ္ပတိန်ဂျက်စပဲရိုး နံပါတ် ၃ လာပါပြီ။ ဒီကားကိုတော့ ပင်လယ်ဓားပြတွေကို မျိုးဖြုတ်ချင်နေတဲ့ ဘက်ကက်တစ်ယောက် ဥပဒေတွေကိုပြောင်းပြီး ပင်လယ်ဓားပြတွေနဲ့ပတ်သတ်တဲ့သူမှန်သမျှကို ကွပ်မျက်ပစ်နေတာကနေဖွင့်ထားပါတယ်။ အဲ့အထဲမှာ အသက်ငယ်ငယ်ကောင်လေးက ပင်လယ်ဓားပြသီချင်းကိုစဆိုလိုက်တော့ ပင်လယ်ဓားပြတွေအတွက် စိန်ခေါ်စရာဖြစ်သွားပြီး အားလုံးတူတူဝိုင်းဆိုကြပါတော့တယ်။ အဲ့သီချင်းကြောင့်ပဲ ပင်လယ်ဓားပြသခင်ကြီးတွေစုပြီးတော့ ဘာတွေလုပ်ကြမလဲ။ ပင်လယ်ဓားပြသခင်ကြီးတွေထဲမှာ ဂျက်စပဲရိုးလည်းအပါအဝင်ဆိုတော့ Dead Man’s Chest မှာ ခရာကန်ထဲပြေးဝင်သွားတဲ့ ဂျက်တစ်ယောက်ကို သူရောက်သွားမယ့် ဒေဗီဂျုန်းရဲ့သေတ္တာ (လော်ကာ) ထဲမှာရှာဖို့ ဝီလ်တို့တတွေစီစဥ်ကြရပါတော့တယ်။ တစ်ဖက်မှာလည်း ဘက်ကက်က ဖလိုင်းရင်းဒက်ချ်မန်းကို အကျပ်ကိုင်ထိန်းထားပြီး ပင်လယ်ပြင်တစ်ခုလုံးကိုထိန်းချုပ်ဖို့ကြိုးစားနေတာတွေကို ရင်တမမနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာမှ ပင်လယ်ဓားပြတွေရဲ့အလေ့အထ အဖေနဲ့သားကြားကမေတ္တာ နတ်ဘုရားတစ်ပါးနဲ့ မိစ္ဆာကြားကမေတ္တာ လူနှစ်ယောက်ကြားကမေတ္တာတွေကို အထင်းသားခံစားနိုင်မှာဖြစ်တဲ့အတွက် ကြည့်ရှုခံစားလိုက်ကြပါဦးဗျ။
Movies Name | Webpage | Telegram Link |
---|---|---|
Pirates of the Caribbean: The Curse of the Black Pearl (2003) | Click Here | Click Here |
Pirates of the Caribbean: Dead Man’s Chest (2006) | Click Here | Click Here |
Pirates of the Caribbean: At World’s End (2007) | Click Here | Click Here |
Pirates of the Caribbean: On Stranger Tides (2011) | Click Here | Click Here |
Pirates of the Caribbean: Dead Men Tell No Tales (2017) | Click Here | Click Here |