
ရွှေရွှေရဲ့ဘော်ဒါတွေကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဒါရိုက်တာ ဗီနွတ်ကာပရီရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အိန္ဒိယနိုင်ငံမှာ အမှန် တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကို ဇာတ်လမ်းဆင်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဘောလိဝုဒ်လောကမှာ ကုန်ကျစရိတ်အသက်သာဆုံး ရိုက်ကူး ထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။ ရူပီး သိန်း ၅၀သာ ကုန်ကျခဲ့ပါတယ်။ သဲထိတ်ရင်ဖိုနဲ့ဒရမ်မာအမျိုးအစားဖြစ်ပြီးတော့ IMDB 6.7/10 ရရှိထားတဲ့ဇာတ်ကားလေးပါ။ Box Office မှာရုံတင်ဝင်ငွေ ၂၉.၅ သန်း(ရူပီး) ပြန်လည်ရရှိခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ပီဟူးလေးနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Myra Vishwakarmaဟာ ဇာတ်ကားစရိုက်တုန်းက အသက် ၂နှစ်နဲ့ ၅လပဲရှိပါသေးတယ်။ အိမ်တစ်လုံးထဲမှာ အကူအညီမဲ့စွာ ပိတ်မိနေတဲ့ ၂နှစ်သမီးအရွယ်ကလေးလေးတစ်ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ (ဒီဇာတ်ကားကိုတော့ ကျွန်တော့် ညီလေး Yan Chan က ဘာသာပြန်ဆိုပေးထားပါတယ်)