
Phone Booth (မြန်မာစာတန်းထိုး)
2002 ‧ Thriller/Psychological thriller ‧ 1h 21m
Translate & Script =Jasmine haneul
xxxxxxxxxxxxxxxxxxxx
Phone Booth (2002) လျှို့ဝှက်သည်းဖို ပုံစံမျိုးဖြစ်တဲ့ ဒီဇာတ်ကားကို 2002 နိုဝင်ဘာလ မှာ ထွက်ရှိရမှာ ဖြစ်ပေမယ့် 2002 အောက်တိုဘာလ မှာ ကိုလံဘီယာ၊ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ စနိုက်ပါသမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ 10 ယောက်သေခဲ့ရတဲ့ ဖြစ်ရပ်အတွက် ဒီဇာတ်လမ်းကို 20th Century Fox က 2003 ခုနှစ် ဧပြီလမှ ထုတ်လွှင့်ခဲ့ရပါတယ်။ အကြောင်းကတော့ ဒီဇာတ်လမ်းထဲမှာ မင်းသားဟာ စနိုက်ပါသမားရဲ့ ခြိမ်းခြောက်မှုကို ဇာတ်လမ်းအစအဆုံး ခံနေရတာ ကြောင့်ပါပဲ။ Stu ( Collin Farrell) ဟာ ဆောင်းပါးရှင်တစ်ယောက်ဖြစ်ပြီး အလိမ်အညာတွေနဲ့ ပြည့်နေသူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူမနက်တိုင်း ဆက်နေကြဖြစ်တဲ့ ဖုန်းရုံထဲကနေ ဖုန်းတစ်လုံးဝင်လာပြီး ဖုန်းစကိုင်မိကတည်းက ခြိမ်းခြောက်ခံနေရတော့ပါတယ်။ သူ့ရဲ့အလိမ်အညာတွေမှန်သမျှကို သိနေတဲ့ စနိုက်ပါသမားကြောင့် စတူ တစ်ယောက် လူအားလုံးရှေ့မှာ အမှန်အတိုင်းပြောမလား ဒါမှမဟုတ် အသေပဲခံလိုက်မလားဆိုတာ ကိုစောင့်ကြည့်ပေးကြပါဦး။