
ဒီအင်ဒိုသရဲကားလေးက January 10, 2019 ကထွက်ရှိပြီး rating 5.1 ရထားပါတယ်။ မင်းသမီးချော Shandy Aulia ပါဝင် သရုပ်ဆောင် ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘာရာတို့ မိသားစု ၃ ယောက်ဟာ လူသိနည်းတဲ့ ကျွန်းတစ်ကျွန်းကို အပန်းဖြေခရီးထွက်လာပါတယ်။ ဘာရာက နောက်မိန်းမယူထားတာဆိုတော့ သမီးဖြစ်သူက မိထွေးကို အမြင်မကြည်ပါဘူး။ ကျွန်းပေါ်ရောက်တော့ အမျိုးသမီးတစ်ဦးက သူတို့ နေဖို့စားဖို့ ကူညီပေးပေမဲ့ ကျန်တဲ့ ရွာသားတွေကတော့ သူတို့ကို ဖော်ဖော်ရွေရွေမရှိကြပါဘူး။ အဲလိုဆိုတော့ ဘာရာရဲ့ နောက်မိန်းမဖြစ်တဲ့ နီဆာ လည်း နည်းနည်းလန့်သွားတာပေါ့။ အဲ့ထက်ပိုဆိုးတာက သူတို့နေတဲ့ တည်းခိုဆောင်ကြီးမှာ ညဘက်ဆို သရဲခြောက်ခံရတဲ့ ကိစ္စပါ။ သမီးဖြစ်သူနဲ့ နီဆာက ဘာရာကို အဲ့အကြောင်းပြောပေမဲ့လည်း ဘာရာကမယုံပါဘူး။ တစ်နေ့မှာ အလုပ်ကိစ္စနဲ့ ဘာရာတစ်ယောက် ကမန်းကတန်း ကျွန်းက ထွက်သွားပါတယ်။ ကျန်ရစ်ခဲ့တဲ့ သမီးဖြစ်သူနဲ့ နီဆာတို့ကို ပြန်လာခေါ်မယ်ပြောသွားပေမဲ့ သူတို့မသိတဲ့ နောက်ကွယ်က ကြောက်စရာ ဖြစ်ရပ်တစ်ခုရှိနေပါတယ်။ ဘာလို့ ရွာသားတွေက ထူးဆန်းနေရတာလဲ? အဲဒီကျွန်းကြီးက ဘာလို့လူသူအရောက်နည်းပြီး မကောင်းတဲ့ ဝိညာဉ် တွေ ရှိနေရတာလဲ? နီဆာနဲ့ သမီးဖြစ်သူတို့ ကျွန်းပေါ်မှာ ချောက်ချားစရာတွေနဲ့ ပိတ်မိနေမလား? ဆိုတာ ကြက်သီးထဖွယ် ကြည့်ရှုခံစား လိုက်ကြပါဦး။