
ဒီတစ်ခါမှာတော့ 2020 ထွက် Pee Nak သရဲကား နံပါတ် ၂ လေး ရောက်ရှိလာပါပြီ။ ဒီမှာတော့သိတဲ့အတိုင်း ပဉ္ဇင်းတက်တုန်းက ရှင်လောင်းနွန်ရဲ့ မျိုးစုံခြောက်လှန့်မှုကြောင့် ဒုက္ခတွေရောက်ခဲ့ရတဲ့ ဖတ်ဖ်နဲ့ ဘော်လွန်းဟာ (ဒီအကြောင်းကိုက ရွှေပန်းသီးဝက်ဘ်ဆိုက်ထဲက Pee Nak 1 မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်) ပဉ္ဇင်းဘဝကနေ လူခိုးထွက်တဲ့အချိန်မှာလည်း “လူထွက်ရင် သေရမယ်” ဆိုတဲ့စကားနဲ့အတူ ရှင်လောင်းသရဲနောက်တစ်ပါးရဲ့ခြောက်လှန်မှုတွေနဲ့အတူ အသက်အန္တရာယ်မျိုးစုံကိုကြုံလာရတဲ့အခါမှာတော့ ပဉ္ဇင်းပြန်တက်ဖို့အတွက် ဘုန်းကြီးကျောင်းကို ပြန်ရောက်လာပါတော့တယ်။ တကယ်တော့ ဒီကျောင်းမှာက ပဉ္ဇင်းတက်လို့မရတဲ့ ပဉ္ဇင်းတက်ကျိန်စာအပြင် လူဝတ်လဲရင်သေရမဲ့ လူဝတ်လဲကျိန်စာပါ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီကျိန်စာကိုဖြေဖျောက်ဖို့အတွက် ဖတ်ဖ်တို့ရဲ့သူငယ်ချင်းဟောင်း ဦးဇင်းအနေနဲ့ ဘယ်လိုခက်ခက်ခဲခဲကြိုးစားပေးမလဲ ကျိန်စာကရော ဘယ်လိုအကြောင်းကြောင့် ဖြစ်တည်လာတာလဲ ဖတ်ဖ်တို့နှစ်ယောက်နဲ့ ကိုရင်တစ်စု ဘယ်လိုအလွဲတွေလုပ်ပြီး ဟာသတွေဖြစ်ဦးမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်…
Movies Name | Webpage |
---|---|
Pee Nak (2019) | Click Here |
Pee Nak 2 (2020) | Click Here |
Pee Nak 3 (2022) | Click Here |