
ဒီတစ်ခေါက်ရုပ်ရှင်ကတော့ ပြသနေချိန်မှာ ကြည့်ရှုသူ ဆယ်သန်းကျော်ရရှိခဲ့ပြီး အမေရိက အကယ်ဒမီ၊ ကန်ရုပ်ရှင်ပွဲတော် အထိပါ ပေါက်ရောက် ဆုတွေ အများကြီး ရှိခဲ့တဲ့ နာမည်ကြီး ဇာတ်ကားတစ်ခုပါ။တစ်မိသားစုလုံး အလုပ်အကိုင်မရှိ မြေအောက်ခန်း ကျဉ်းကျဉ်းလေးမှာ မိသားစု ၄ ယောက်စုပြီး နေနေရတဲ့ ဂီထက်တို့ မိသားစု။ သားဖြစ်တဲ့ ဂီဝူရဲ့ သူငယ်ချင်းကနေ တဆင့် မထင်မှတ်ထားတဲ့ အခွင့်အလမ်းတွေ ရလာတဲ့အခါ။ ကပ်ပါးကောင်လိုမျိုး သူဌေးပတ်ရဲ့ အိမ်ကို တစ်ဦးချင်း ဖြေးဖြေးချင်း လိမ်လည်ပြီး နေရာယူဖို့ ကြိုးပမ်းရင်းနဲ့ ထူးဆန်းမှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ။ သူတို့ရဲ့ လိမ်လည်မှုတွေ ပေါ်သွားမှာလား။ ဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရမလဲ။ ဘယ်လိုမျိုး လိမ်လည်ကြမှာလဲ ဆိုတာတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပါ။ မထင်ထားတဲ့ အဆုံးသတ်ကလည်း အားလုံးကို အံဩသွားစေမှာပါ။ မင်းသားတွေအနေနဲ့ Song Gang Ho, Choi Woo shik, Park So dam, Lee San Gyun တို့ပါ၀င်ပေးထားပြီး နာမည်ကြီး ဒါရိုက်တာ Bong Junhoရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ ပရိသတ်တွေအကြိုက် Park SeoJun ကလဲ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါ၀င်ပေးထားပါသေးတယ်နော်။