
2006 ခုနှစ်မှာ ထွက်ရှိထားပြီး စပိန်ပြည်တွင်းစစ်ကာလအပြီး ဒဏ္ဍာရီဆန်ဆန်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားက အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်အကုန်ကျခံရိုက်ကူးထားပြီး ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၃သန်းကျော် ပြန်လည်ရရှိခဲ့တဲ့အပြင် ၇၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာလည်း ဆုပေါင်းများစွာကိုရရှိထားတာပါ။ Rating ကလည်း 8.2/10 နော်။ စပိန်ပြည်တွင်းစစ်ပြီးချိန်တွင် ပထွေးဖြစ်သူ စစ်ဗိုလ်စခန်းချရာဒေသကို မိခင်ဖြစ်သူနဲ့အတူ အော်ဖီလီရာလေးဟာ လိုက်ပါလာခဲ့ရပါတယ်။ အော်ဖီလီရာလေးက သူတို့ နေထိုင်ရာအနီး တောအုပ်လေးထဲမှာ ဝင်္ကပါတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ထိုဝင်္ကပါလေးထဲကို အော်ဖီလီရာလေးအားလိုက်ပါအောင် ခေါ်ဆောင်ခဲ့သူကတော့ နတ်သမီးလေးတစ်ပါးပါ။ ဝင်္ကပါလေးထဲ ရောက်တဲ့အချိန်မှာတော့ လူတစ်ပိုင်းဆိတ်တစ်ပိုင်း တောစောင့်နတ်တစ်ပါးနဲ့ တွေ့ဆုံခဲ့ရပြီး အော်ဖီလီရာလေးဟာ သူ့ရဲ့ ဘဝအမှန်ကိုသိရှိခဲ့ရချိန်မှာတော့ သူ့ရဲ့ကမ္ဘာကိုပြန်သွားဖို့အတွက် တာဝန်သုံးခုထမ်းဆောင်ဖို့ ဖြစ်လာ ပါတော့တယ်။ အော်ဖီလီရာလေးဟာ သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်မှာလား ဘာတွေကြုံတွေ့ရမှာလဲ ဘာတွေဆက်ဖြစ်မှာလဲ ပြီးမြောက် နိုင်ပါ့မလား…တစ်ဆက်တည်းမှာပဲ အော်ဖီလီရာ့ပထွေးတို့တပ်နဲ့ တောပုန်းသူပုန်တွေရဲ့တိုက်ပွဲကလည်း အရှိန်မြင့်လာတဲ့အခါ ဘာတွေဆက်ဖြစ် မှာလဲ…ပရိတ်သတ်တွေစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။