
ဒီကာလေးကတော့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို ပုံဖော်ထားပြီး အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ 1306 ခုနှစ်လောက်က အိန္ဒိယမှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေတယ်ပြီး ပြန်လည်ရိုက်ကူး ပုံဖော်ထားတာပါ။ ဒီရုပ်ရှင်ကို ရိုက်နေတုန်း ဒါရိုက်တာနဲ့ မင်းသား မင်းသမီးတွေက ခြိမ်းခြောက်မှုတွေ အများကြီးလည်းခံခဲ့ရတယ်။ ရှူတင်လည်း ရပ်ခဲ့ရသေးတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားက ခက်ခက်ခဲခဲရိုက်ခဲ့ရပြီး ရုံတင်တော့ သိပ်ကိုအောင်မြင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်လာခဲ့တယ် ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော် ချက်တာဆိုတဲ့ အေးချမ်းလှတဲ့မြို့လေးမှာ ရာဂျ်ပူလ်အနွယ်ဝင် တွေနေထိုင်ကြတယ်။ သူ့တို့ရဲ့ ဘုရင်ဟာ သိပ်ကို ကိုယ်ကျင့်တရားကောင်းမွန်ပြီး တရားနဲ့ အညီနေထိုင်အုပ်ချုပ်တယ်။ သူ့ဆီမှာ မိဖုရားပတ်မာဗဒီဆိုတဲ့ ကမ္ဘာတစ်ခွင်အလှပဆုံးလို့ တင်စားရတဲ့ မိဖုရားတစ်ပါးရှိတယ်။ မိဖုရားက စစ်မက်ရေးရာလည်း နားလည်တတ်ကျွမ်းတယ်။ ပြည်သူတွေရဲ့ အချစ်တော်လေးပေါ့။ ဒေလီရဲ့ ရက်စက်ကြမ်းတမ်းတဲ့ပြီး အောင်နိုင်မှုကိုပဲ အလေးထားတဲ့ ဘုရင် အလာဟူဒင်းန်ဟာ အကြောင်းအမျိုးမျိုးကြောင့် မိဖုရားပတ်မာဗဒီအကြောင်းကို သိခွင့်ရခဲ့တယ် ။ သိပ်တော်ပြီးအလှပဆုံးဖြစ်တဲ့ မိဖုရားကို လိုချင်တပ်မက်စိတ်တွေဖြစ်လာတော့တဲ့အခါ… ချက်တာမြို့ကို သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ် သူ့ရဲ့ စည်းမျဉ်းတွေကို အလေးမထားတဲ့ စိတ်နဲ့ ရာဂျ်ပူလ်တွေရဲ့ သစ္စာနဲ့ မေတ္တာကို အခြေခံတဲ့ စိတ်ဓာတ်တွေကြားမှာ ဖြစ်တဲ့ တိုက်ပွဲတွေကို စိတ်ဝင်စားစရာ ကြည့်ရှုရပါမယ် Ratings 7/10 တောင်ရထားတာတဲ့ ရုပ်ရှင်ကားကြီးပါ ကမ္ဘာတစ်ဝှမ်း ဘောလိဝုဒ်ချစ်သူတွေအကြား ဟုန်းဟုန်းတောက် အောင်မြင်ခဲ့ပါတယ် ဒါရိုက်တာ – Sanjay Leela Bahansali မင်းသမီး – Deepika Padukone မင်းသား- Ranveer Singh နဲ့ Shahid Kapoor တို့အတွဲညီညီကြိုးစားထားပါတယ်