
တစ်ခေတ်တစ်ခါက နာမည်ကြီး၊ လူကြိုက်များခဲ့တဲ့ 1983 ခုနှစ်ရဲ့ ဂျပန်စီးရီး Oshin ကို 2013 မှာ Movie အနေနဲ့ ပြန်လည်ရိုက်ကူးထားပြီး IMDb Rating 7.2 ထိရရှိထားတာဖြစ်လို့ ရွှေပန်းသီးပရိသတ်တွေ လက်မလွှတ်တမ်းကြည့်ရှူနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အိုရှင်းအဖြစ် ကလေးသရုပ်ဆောင် Kokone Hamada ရဲ့သရုပ်ဆောင်ချက်လေးတွေက ဘယ်လောက်ထိ ပီပီပြင်ပြင်၊ ထိထိမိမိရှိလှလဲ ဆိုတာ ကိုတော့ ဇတ်လမ်းလေးထဲမှာပဲ ခံစားကြည့်ရှူလိုက်ပါ။
အညွှန်း~
လူရယ်လို့ ဖြစ်လာပြီဆိုရင် စားဝတ်နေရေးအတွက် ရုန်းကန်ကြရစမြဲပါ။ ကလေးမလေး အိုရှင်းတို့ရဲ့မိသားစုလေးကဆိုရင်တော့ လူဦးရေ များပြားလွန်းတဲ့အတွက် အစားကိုသာ နပ်မှန်အောင် စားနိုင်ဖို့အတွက် သူများအိမ်မှာ အိမ်အကူအဖြစ် အနှိမ်ခံ၊ နိုင်ထက်စီးနင်းခံရပြီး သိမ်ငယ်စွာ လုပ်ကိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ၇ နှစ်အရွယ်သာ ရှိသေးတဲ့ အိုရှင်းဟာဆိုရင် ပညာသင်ရမယ့်အရွယ်မှာ မိသားစု စားဝတ်နေရေးအတွက် သူများအိမ်မှာ အလုပ်ထွက်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အိမ်အကူတစ်ယောက်အနေနဲ့ ခိုင်းသမျှ လုပ်၊ ကျွေးမှသာ စားရတဲ့ဘဝကို အိုရှင်းတစ်ယောက် ဘယ်လိုမျိုးကြံ့ကြံ့ခိုင်ပြီးဖြတ်သန်းရမလဲ၊ အရွယ်နဲ့မလိုက်အောင် လောကဓံရဲ့ဒဏ်ကို ခံစားရတဲ့အခါမှာ တော့ အိုရှင်းလေးရဲ့ဘဝမှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမှာလဲဆိုတာကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ခံစားကြည့်ရှူရမှာဖြစ်ပြီး ဘဝအတွက် ပညာယူစရာတွေလည်း အများကြီးပါဝင်တာမို့ အခုချက်ချင်းပဲ ကြည့်ရှူလိုက်ကြဖို့ တိုက်တွန်းပါရစေနော်။