
သင့်အနေနဲ့ ကလေးလိုချင်လို့ မွေးစားလိုက်တဲ့ကလေးတစ်ယောက်ဟာ ပုံမှန်မဟုတ်တဲ့ကလေးဖြစ်နေမယ်ဆိုရင် ဘာဆက်ဖြစ်မလဲ တွေးကြည့်ပါဦး။ ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ IMDb rating 7 အထိရထားတဲ့ Orphan ဆိုတဲ့ကားလေးပါ။ ဒီနှစ်အစောပိုင်းတုန်းက Orphan First Kill ဆိုတဲ့ နာမည်နဲ့ ဇာတ်ကားအဆက်ထွက်ထားပါတယ်။ အဲဒီဇာတ်ကားကတော့ ဒီကားရဲ့ Prequel ဇာတ်ကားဖြစ်တဲ့အတွက် မကြည့်ရသေးတဲ့ပရိတ်သတ်ကြီးတို့အနေနဲ့ ဒီကားကိုအရင်ကြည့်ပြီးမှ ဆက်ကြည့်ကြဖို့ အကြံပြုပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုးလ်းမန်းမိသားစုရဲ့ဇနီးသည်ဟာ ကိုယ်ဝန်ပျက်ကျထားတဲ့ စိတ်ဒဏ်ရာကိုကုစားဖို့အတွက် သီလရှင်မိဘမဲ့ကျောင်းတစ်ခုကနေ အက်စတာဆိုတဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားခဲ့ပါတယ်။ စတွေ့ချိန်မှာ ချစ်စရာကောင်းတဲ့ကလေးမလေးဆိုပေမဲ့ တဖြည်းဖြည်း သူ့အပြုအမူတွေဟာ ကလေးတစ်ယောက်လိုမဟုတ်ဘဲ မူမမှန်ဖြစ်လာပါတယ်။ သူ့ကြောင့်ပဲ သူတို့လင်မယားရဲ့အိမ်ထောင်ရေးဟာလည်း အဆင်မပြေတော့ပါဘူး။ ဒါကြောင့် မိန်းမဖြစ်သူ ကိတ်က သူ့နောက်ကြောင်းကို လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာတော့…။
Movies Name | Webpage | Telegram Link |
---|---|---|
Orphan (2009) | Click Here | Click Here |
Orphan: First Kill (2022) | Click Here | Click Here |