
ဒီဇာတ်ကားလေးကတော့ လတ်တလောကတင်ထွက်ရှိထားပြီး ၂ဝဝ၉ ခုနှစ်ကထွက်ရှိထားတဲ့ Orphan ဇာတ်ကားရဲ့ prequel movie လေးပါ။ အကြောင်းကြောင်းကြောင့် ပထမကားထက် rating နည်းခဲ့ပေမဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ညွှန်းရရင် လီနာဟာ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ရောဂါကိုခံစားနေရတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်၊ သူ့ရောဂါအကြောင်းမသိတဲ့လူတွေကတော့ သူ့ကိုဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်လို့ပဲမြင်ကြတယ်။ သူကခန္ဓာကိုယ်သာ သေးတာ၊ လက်ရဲဇက်ရဲရှိပြီး ဉာဏ်နီဉာဏ်နက်လည်း အတော်များပါတယ်။ တစ်နေ့တော့ သူ့ကိုပိတ်လှောင်ထားတဲ့စိတ်ဆေးရုံကနေ ထွက်ပြေးလာပြီး အမေရိကန်မှာရှိတဲ့မိသားစုတစ်ခုရဲ့ အတ်စတာအမည်ရှိ ပျောက်သွားတဲ့သမီးအဖြစ်ဟန်ဆောင်ပြီး အဲဒီမိသားစုထဲဝင်သွားပါတယ်။ ဒါပေမဲ့ သူထင်ထားသလို အတ်စတာပျောက်ဆုံးမှုဟာ ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ နောက်ကွယ်မှာအကြောင်းရင်းတွေရှိတဲ့အခါမှာတော့…။ လီနာတစ်ယောက် အတ်စတာအဖြစ်ဟန်ဆောင်ရင်း အဲဒီမိသားစုနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ မူရင်းဇာတ်ကားကိုလည်း ဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင့်။
Movies Name | Webpage | Telegram Link |
---|---|---|
Orphan (2009) | Click Here | Click Here |
Orphan: First Kill (2022) | Click Here | Click Here |