
မြန်မာမှာ ရေပန်းစားလူကြိုက်များတဲ့ နာမည်ကြီးမင်းသားချော Kento Yamazaki ကိုယ်တိုင် အဓိကဇာတ်ကောင်အနေနဲ့ ပါဝင် သရုပ်ဆောင် ထားတဲ့ ဂျပန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ ရွှေပန်းသီးပရိသတ်ကြီးကို မိတ်ဆက်ပေးပါ့မယ်။ မင်းသား Kento နဲ့ ရွယ်တူ ဖြစ်တဲ့ မင်းသမီးချောလေး Tao Tsuchiya ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီကားလေးက 2015 မှာထွက်ရှိထားတာဖြစ်ပြီး 2012 ရဲ့ Manga series ကို အခြေခံကာ ပြန်လည် ရိုက်ကူးထားခြင်းဖြစ်ပြီး IMDb 6.7 ထိရရှိထားပါတယ်။
အညွှန်း~
‘နဟို’လို့ အမည်ရတဲ့ အထက်တန်းကျောင်းသူမလေးဟာ လာမယ့်အနာဂတ် ၁၀ နှစ်မှာရှိတဲ့တစ်စုံတစ်ယောက်ဆီက ထူးဆန်းတဲ့စာကို လက်ခံ ရရှိခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စာထဲမှာ ရေးထားတာတွေက နဟိုရဲ့မျက်စိရှေ့တင် အမှန်တကယ်ဖြစ်လာပါတော့တယ်။ အစကတော့ နဟိုတစ်ယောက် မယုံကြည်ခဲ့ပေမယ့်လည်း တိုက်ဆိုင်တာတွေများလာတော့ နဟိုလည်း ထူးဆန်းစွာနဲ့ပဲ လက်ခံရတော့မလို ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီစာဟာ ဘာရည်ရွယ်ချက်နဲ့ သူမဆီရောက်ရှိလာပြီး ဘာအတွက်ကြောင့် သူမဆီကို အခုလိုပေးပို့လာရတာလဲ ဆိုတာကို တော့ အခုပဲ ခံစားကြည့်ရှူလိုက်ပါ။ ဒီဇာတ်ကားလေးက Romance/Fantasy အမျိုးအစားလေးမို့လို့ ကြည့်ရှူသူတွေကို ပေါ့ပေါ့ပါးပါးနဲ့ပဲ ကြည်နူးစရာကောင်းတဲ့အဆုံးသတ်ဆီကို ခေါ်ဆောင်ပေးသွားဦးမှာနော်။