
Ong Bak (ဥုံဘတ်) ဟာထိုင်းဘာသာနဲ့ဆိုရင် မျက်နှာပြတ်ရှိရာနဲ့ဆင်းတုတော် လို့အဓိပ္ပာယ်ရပါတယ်။ ဥုံဘတ် ဇာတ်ကားက ထိုင်းအက်ရှင် ဇာတ်ကားတစ်ခုဖြစ်ပြီး ဇာတ်ဆောင်မင်းသား Tony Jaa ကိုနိုင်ငံတကာစင်မြင့်ပေါ်တင်ပေးနိုင်ခဲ့တဲ့ကားဆိုရင်လည်းမမှားပါဘူး။ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဥုံဘတ်ဇာတ်ကားဟာ မွေထိုင်း(ထိုင်းလက်ဝှေ့) ကိုအသားပေးပြီးထိုင်းလူမျိုးတို့ရဲ့မျိုးချစ်စိတ်၊ ရိုးသားမှုနဲ့ မူးယစ်အန္တရာယ်အထိပါ ဖော်ပြပေးသွားနိုင်တဲ့ဇာတ်ကားတစ်ခုပါ။ ထိုင်းနိုင်ငံမှာရုံတင်ပြသ အောင်မြင်မှုများစွာရရှိပြီးနောက်မှာ အမေရိကန်၊ ဗြိတိန် ၊သြစတြေးလီးယား၊ ဂျာမနီ၊ ပြင်သစ်၊ စင်ကာပူ၊ ကနေဒါ ၊ ဟောင်ကောင်၊ ဂျပန်၊ အီတလီ၊ အိန္ဒိယ၊ မက်ကဆီကို နဲ့ဗီယက်နမ်တို့မှာ ပါဇာတ်လမ်းခွေအဖြစ် ပြောင်းလဲ ဖြန့်ဝေခဲ့ပါတယ်။ ဒီလိုဖြန့်ဝေတဲ့အခါမှာ တချို့နိုင်ငံများမှာ ဇာတ်လမ်းဇာတ်ကွက်အနည်းငယ်ပြောင်းလဲခြင်း( မူဝေးအစ်မ ဖိငက် ဇာတ်ကွက် မပါတော့ခြင်း)နဲ့ဇာတ်သိမ်းအနည်းငယ်ပြောင်းလဲခြင်း (ဟမ်လယ် မသေဘဲ ခြေ၊ လက်ကျိုးသွားခြင်း) တို့အပြင် ဇာတ်ဝင်တီးလုံး ပြောင်းလဲ ခြင်းတို့ အနည်းငယ်ပြုလုပ်ခဲ့ပြီးနိုင်ငံတကာပရိသတ်ရဲ့ အားပေးမှုကိုတခဲနက်ရရှိခဲ့ပြန်ပါတယ်။ မင်းသား Tony Jaa ဟာလည်း Bruce Lee, Jackine Chan, Jet Li တို့နဲ့နှိုင်းယှဥ်ပြီးတင်စားချီးမွမ်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဘန်နောင်ပရာဒူ ဆိုတဲ့ရွာဇနပုဒ်လေး တစ်ခုမှာရွာသားများရဲ့အထွဋ်အမြတ်ဖြစ်တဲ့ ဥုံဘတ် ဆင်းတုတော်ရှိပါတယ်။ ဒီဥုံဘတ်ဆင်းတုတော်ပူဇော်ပွဲကိုနှစ်စဥ်ကျင်းပလေ့ရှိပြီး တစ်နှစ် မှာ ဥုံဘတ် ဆင်းတုဦးခေါင်းတော်ဖြတ်ပြီးခိုးယူခြင်းခံခဲ့ရပါတယ်။ ဥုံဘတ် ဦးခေါင်းတော်ကိုပြန်ရှာဖို့ အတွက်ရွာက ဘုန်းကြီး ကျောင်းသား မိဘမဲ့လေး၊ မွေထိုင်းကျွမ်းကျင်သူ ကောင်လေး ဘက်တင်း ကတာဝန်ပေးခံခဲ့ရပါတယ်။ တောသားလေး ဘက်တင်း က ဆင်းတုသူခိုး ဘက်ဒေါ ကိုမြို့မှာသွားရှာရင်း ရွာသူကြီးသား ဟမ်လယ်နဲ့ သူ့သူငယ်ချင်းမလေး မူဝေးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ဆင်းတုတော်လိုက်ရှာတဲ့ခရီးမှာ မူးယစ် ဆေးဝါးရောင်းဝယ်သူတွေနဲ့တွေ့ပြီး အခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲ? တွေ့ကြုံလာရတဲ့အခက်အခဲတွေမှာ မွေထိုင်းကိုဘယ်လို အသုံးချမလဲ? ဆိုတဲ့ဇာတ်ကွက်တွေအပြင် လူမျိုးချစ်စိတ်၊ သစ္စာရှိစိတ်အပြင် သာသနာစောင့်ရှောက်စိတ်ကိုပါ ဖော်ပြပေးသွားတဲ့ ဇာတ်ကား ကောင်းတစ်ခုဖြစ်ပါတယ်။
Movie Names | Web Pages |
---|---|
Ong Bak (2003) | Click Here |
Ong Bak 2 (2008) | Click Here |
Ong Bak 3 (2010) | Click Here |
moment