
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့ကို Ong Bak ဆိုတဲ့ ထိုင်းအက်ရှင်ဇာတ်ကားရဲ့ Trilogy ထဲက တတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ Ong Bak 2 ရဲ့ အဆက်ဖြစ်ပြီး ဒီကားထဲမှာ စစ်သည်တော်တစ်ယောက်ဖြစ်တဲ့ ထီရန်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင် ရာဂျာဆန်နာရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် အသက်မသေပေမဲ့ ခြေတွေလက်တွေ သုံးမရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ အသက်မျော့မျော့လေးနဲ့ အသက်ကိုတော့ဆက်နိုင်ခဲ့ပေမဲ့ မသန်မစွမ်းဖြစ်သွားတဲ့ ထီရန်ဟာ သူ့ကိုဆေးကုပေးထားတဲ့ ခါနာခုံရွာလေးမှာ စိတ်ဓာတ်ကျ လမ်းပျောက်နေခဲ့ပါတယ်။ ဒီလိုနဲ့နေရင်း ဘယ်လိုအပြောင်းအလဲတွေနဲ့ ကြုံရပြီး သူ့ခြေတွေလက်တွေကို ပြန်ကောင်းသွားအောင် လေ့ကျင့်နိုင်သွားမလဲ။ တစ်ဖက်က ရာဂျာဆန်နာတို့ နန်းတော်ကြီးမှာရော ဘယ်လိုအပြောင်းအလဲတွေ ကြုံရမလဲ။ ထီရန်ကရော သွေးကြေးပြန်ဆပ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားပေးကြပါဦးနော်။
Movie Names | Web Pages |
---|---|
Ong Bak (2003) | Click Here |
Ong Bak 2 (2008) | Click Here |
Ong Bak 3 (2010) | Click Here |