
ဥုံဘတ် ၂: အစပြုချိန်ဟာ ၂၀၁၃ မှာထွက်ရှိခဲ့တဲ့ ဥုံဘတ် ၁ ဇာတ်ကားရဲ့နောက်ဆက်တွဲဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။ ဇာတ်ဆောင်မင်းသား Tony Jaa ကတော့မပြောင်းလဲခဲ့ပါဘူး။ ဇာတ်လမ်းဇာတ်ကွက်အနေနဲ့က ၁၅ ရာစုက ထိုင်းနိုင်ငံ အယုဒ္ဓယခေတ်နောက်ခံထားပြီး အသွင်အပြင်နဲ့ အဲ့ဒီခေတ်ကာလအနေအထားကိုပါထည့်သွင်းပြသခဲ့နိုင်ပါတယ်။ မင်းသား Tony Jaa ရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း တိုက်ကွက်လှလှတွေနဲ့ အံကိုက်တီးလုံးများကို စိတ်လှုပ်ရှားစွာရှုစားရမှာပါ။ ဇာတ်လမ်းလေးကတော့ ၁၄၂၄ ခုနှစ် – ၁၄၂၈ ခုနှစ်(၁၅ရာစုနှစ်) အယုဒ္ဓယပြည်၊ ဖရာ့ဘရုန်မရာဇာထိရက် ၂ မင်းလက်ထက်မှာ ထိယမ်ဆိုတဲ့ သီဟဒေချိုးမျိုးရိုးမြင့် စစ်သူကြီးရဲ့ သား တစ်ယောက်ရှိပါတယ်။ အဖေ့သွေး အတိုင်း သွက်လက်ချက်ချာပြီးတိုက်ခိုက်ရေးပညာစိတ်ဝင်စားသူဖြစ်ပေမယ့် ခေတ်ကာလ အနေအထား အရ မိဘဆန္ဒအတိုင်းသဘင်ပညာကိုသာသင်ယူနေရပါတယ်။ သစ္စာဖောက်ရာဇသေနစစ်သူကြီး ပုန်ကုန်မှုနဲ့ကြုံရတဲ့ အခါသီဟဒေ ချိုးမျိုးနွယ် တစ်စုလုံးဟာအသတ်ခံရပြီး ထိယမ်တစ်ယောက်တည်းသာ အသက်လု ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ထိယမ်ရဲ့ကံဆိုးမှုတွေက ဒီတင်မက သေးဘဲ ကျွန်ရောင်းကုန်သည်တွေ လက်ထဲကျရောက်ပြီးနှိပ်စက်ခံခဲ့ရပြန်ပါတယ်။ ချန်နန် ဂရုချောက်ကမ်းပါးမျိုးနွယ်စုခေါင်းဆောင်က ထိယမ် အသက်ကိုကယ်ပြီး မျိုးနွယ်စုကိုခေါ်သွားကာ တတ်သင့်တတ်ထိုက်တဲ့အတတ် ပညာအားလုံးကိုသင်ပေးခဲ့ပါတယ်။ ထိယမ် အရွယ်ရောက်တဲ့ အခါမှာ သူ့ရဲ့ဘဝကိုဘယ်လိုရွေးချယ်မလဲ လက်တုံ့ပြန်မလား အားလုံးကိုလွှတ်ချပြီးဘဝဖြတ်သန်းမှာလား တကယ်တမ်း သူရင်းနှီးနေရတဲ့ သူတွေကရော ဘယ်သူလဲဆိုတာ နောက်ဆုံးအချိန်ဇာတ်ရှိန်မှာမှမြှုပ်ကွက် အလှည့်အပြောင်းများကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။
Movie Names | Web Pages |
---|---|
Ong Bak (2003) | Click Here |
Ong Bak 2 (2008) | Click Here |
Ong Bak 3 (2010) | Click Here |