
သူငယ်ချင်းတွေနဲ့အတူတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ ၊ ပျော်စရာမှတ်ဉာဏ်တွေအားလုံးဟာ တနင်္လာနေ့တိုင်းမှာ ပျောက်ဆုံးသွားတတ်တာကြောင့် အမြဲအထီးကျန်နေတဲ့ ကျောင်းသူလေးတစ်ယောက်….အဲ့ဒီလို ကောင်မလေးကိုမှ သူငယ်ချင်းဖြစ်ခွင့်ရချင်တဲ့ ကျောင်းသားလေးတစ်ယောက်…. အပတ်တိုင်းမှာ သူ့ကိုအမှတ်ရနေစေဖို့ နည်းလမ်းမျိုးစုံကြိုးစားရင်း….သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမှာလဲ….. နီးစပ်ခွင့်ရောရနိုင်မလား ဆိုတာကို…… “One Week Friend”ဆိုတဲ့ Japan Romance ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်…. ဒီဇာတ်ကားလေးကို ဂျပန်ကာတွန်းလေးကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး… Haruna Kawaguchi နဲ့ Kento Yamazakiတို့က အဓိကပါဝင်သရုပ်ဆောင် ထားကြတာပဲဖြစ်ပါတယ် ငယ်ဘဝကျောင်းသားဘဝရဲ့ပျော်ရွှင်စရာတွေကို ထင်ဟပ်စေမယ့်ဇာတ်ကားကောင်းလေးဆိုလဲ မမှားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်