
ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အက်ရှင်ကားဟောင်းလေးပါ။ သူက Iqiyi rating 9.3/10 တောင် ရထားတာနော်။ အခြေခံထားတာကတော့ ဟောင်ကောင်မြို့ရဲ့ လူမိုက်ဂိုဏ်းတွေ ကြားထဲက ဖြစ်ကြတဲ့ ပြဿနာတွေ၊ ရဲတွေက လိုက်စုံစမ်း ဖြေရှင်းတာတွေ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာကတော့ ဟောင်ကောင်ရဲ့ ဒေသတစ်ခု ဖြစ်တဲ့ Mongkok မြို့မှာ လူမိုက်ဂိုဏ်း ၂ ဂိုဏ်းက ရန်ဖြစ်ကြရင်း အဲ့ဒီ ဂိုဏ်း ၂ ဂိုဏ်းထဲက တစ်ဂိုဏ်းရဲ့ ခေါင်းဆောင် အားတင်ရဲ့ သားက သေသွားခဲ့ရပါတယ်။ အဲ့ဒီမှာ အားတင်က သူ့သား အတွက် လက်စားချေမယ် ဆိုပြီး တစ်ဘက်ဂိုဏ်းက ခေါင်းဆောင် ဖြစ်တဲ့ ကားလ်ကို သတ်ဖို့ အတွက် လူသတ်သမား တစ်ယောက် ငှားရမ်းလိုက်ပါတယ်၊ အဲ့ဒီ လူသတ်သမားကတော့ မင်းသား ဖြစ်တဲ့ လိုက်ဖူပါပဲ။ လိုက်ဖူက ပိုက်ဆံလည်း လိုနေပြီး Mongkok မှာ နေတဲ့ သူ့ရည်းစားကို ရှာချင်တဲ့ အတွက် အဲ့ဒီ အလုပ်ကို လက်ခံလိုက်ပါတယ်။ လိုက်ဖူက Mongkok ကို ရောက်တဲ့ အချိန်မှာ ပြည့်တန်ဆာမလေး ဖြစ်တဲ့ လျိုသန်းသန်းကို မတော်တဆ ကယ်တင်လိုက်မိပါတယ်။ အဲ့ဒါနဲ့ သန်းသန်းက လိုက်ဖူရဲ့ လမ်းပြ လုပ်ပြီးတော့ Mongkok မြို့ထဲကို လိုက်ပြတာပေါ့နော်။ အဲ့ဒီ အချိန်မှာ ရဲတွေ ဘက်ကလည်း လူသတ်သမား (မင်းသား) ကို လိုက်ရှာရင်း လူမိုက်ဂိုဏ်းတွေ ကြားထဲ ရန်ပွဲတွေ မဖြစ်ဖို့ပါ တားဆီး ကာကွယ်နေကြရပါတယ်။ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ အက်ရှင်ကားတွေကို စိတ်ဝင်စားရင် ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါတော့ရှင်။