
One Missed Call (IMDb Rating 6.2) ထိရရှိထားတဲ့ဂျပန်သရဲကားကောင်းလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့ ကိုယ့် ဖုန်းထဲကို ဖုန်းဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုမှာ မရောက်ရှိသေးတဲ့နေ့ရက်၊ အချိန်နဲ့အတူ ကိုယ့်ရဲ့ကိုယ်ပိုင်အသံပါ ပါဝင်နေတဲ့ ဖြစ်ရပ်မျိုးဟာ ကော်လိပ်ကျောင်းသူမလေးတစ်ယောက်မှာ စဖြစ်ပါတယ်။ တကယ်တော့ ထိုကျောင်းသူမလေးက ပထမဆုံးဖုန်းခေါ်ဆိုခံရတဲ့သူမဟုတ်ဘဲ သူ့ရှေ့က လူတွေဆီမှာလည်း အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ကြပါတယ်။ အဲဒီဖုန်းခေါ်ဆိုမှုကို ရရှိတဲ့လူတွေဟာ တစ်ယောက်ပြီး တစ်ယောက် အသေဆိုးနဲ့ သေဆုံးကြရမှာဖြစ်ပြီး ထိုသေဆုံးမှုမှာ ကြောက်စရာကောင်းတဲ့ပရလောကဖြစ်စဉ်က ပါဝင်နေတာပဲဖြစ်ပါတယ်။ ထိုဖုန်းခေါ်ဆိုမှု ကို တားဆီးဖို့ မင်းသမီးယုမိနဲ့ အလုပ်ပြုတ်မင်းသား ယာမရှိတတို့ ဘယ်လိုပူးပေါင်းပြီးဖြေရှင်းမလဲဆိုတာနဲ့ ဖြေရှင်းရင်းနဲ့ မထင်မှတ်ထားတဲ့ အဆုံးသတ်က ဘာများဖြစ်နေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှူရမှာပဲဖြစ်ပါတယ်