
ဒီကားလေးကတော့ 2021 ခုနှစ်ကမှထွက်ရှိထားတဲ့ အမေရိကန်ဇာတ်ကားလေးဖြစ်ပါတယ် မုဆိုးဖို ဟန်နရီနဲ့ သူ့သားဝက်ဒ်ဟာ နယ်စပ်ဒေသမှာ လယ်ယာလုပ်ပြီး နေနေတာပါ တစ်နေ့ သူတိုအိမ်ကို ကုန်းနှီးပေါ်မှာသွေးတွေပေနေတဲ့ မြင်းတစ်စီးရောက်လာခဲ့ပါတယ် ဟန်နရီက မြင်းပိုင်ရှင် ရှိနေနိုင်သေးတဲ့အတွက် ထွက်ရှာတဲ့အခါ အသက်သေလုမြောပါး ဖြစ်နေတဲ့ အရာရှိ ကာရီကို တွေ့ခဲ့ပါတယ် အဲဒါနဲ့ ဟန်နရီက ကာရီကို အိမ်ခေါ် ပြီး အသက်ကယ်ပေးခဲ့ပါတယ် မကြာခင်မှာပဲ ဟန်နရီတိုဆီကို မြင်းသုံးစီးနဲ့ လူသုံးယောက်ရောက်လာပြီး ကာရီကို လာရှတကြပါတယ် ဟန်နရီ က ကာရီကိုဝှက်ထားပေးခဲ့ပါတယ် ဒါပေမဲ့ သူတိုမကြာခင် ထပ်လာမယ်ဆိုတာကို တော့ကြို တွက်ထားခဲ့ပါတယ် ကာရီနဲ့ဟန်နရီတို့ စကားပြော ဖြစ်ကြရင်း ဟန်နရီဟာ သာမန်လယ်သမားမဟုတ်ဘဲ ဝရမ်းပြေးတစ်ယောက် ဖြစ်ကြောင်းပေါ်လာခဲ့ပါတယ် ဟန်နရီရဲ့ နောက်ကြောင်းကရော ဘယ်လိုလဲ? အရာရှိကာရီနဲ့ လူသုံးယောက်ကရော ဘယ်လို ဆက်စပ်နေလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါ IMDb rating ကလည်း 7.2 ရရှိထားတော့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပါ